Posts

၂၀၂၃ စီးပွားရေးပိတ်ဆို့မှုကြား အကြပ်ရိုက်ခဲ့တဲ့ စစ်ကောင်စီ

Image
၂၀၂၃ ခုနှစ်လည်း ကုန်ပါတော့မယ်။ စစ်ကောင်စီ အာဏာသိမ်းထားတာကလည်း ၃ နှစ်ပြည့်ဖို့ လပိုင်းပဲ လိုပါတော့တယ်။ ဒါပေမယ့် ၂၀၂၃ ခုနှစ်ကတော့ စစ်ကောင်စီအတွက် ကသောင်းကနင်း စီးပွားရေးနှစ်တစ်ခုကို ဖြတ်ကျော်ခဲ့ရတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကြောင့်ပါ။ ဒီစီးပွားရေး ပိတ်ဆို့မှုတွေကြောင့် စစ်ကောင်စီဟာ ပြည်တွင်းမှာ အတော်ပဲ အကျပ်ရိုက်ခဲ့သလို သူတို့ရဲ့ စွမ်းဆောင်ရည်ကိုလည်း မေးခွန်းထုတ်စရာ အခြေအနေတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။   စစ်ကောင်စီအတွက် ၂၀၂၃ ခုနှစ်မှာ ကြီးကြီးကျယ်ကျယ်ထိခိုက်ခံစားခဲ့ရတဲ့ကိစ္စကတော့ နိုင်ငံပိုင်ဘဏ် ၂ ခု ဖြစ်တဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် MICB တို့ကို အမေရိကန်အစိုးရက ဇွန်လ ၂၁ ရက်မှာ ပိတ်ဆို့အရေးယူခဲ့တဲ့ကိစ္စ ဖြစ်ပါတယ်။ စတင်အသက်ဝင် တာကတော့ ဩဂုတ်လ ၅ ရက်နေ့ဖြစ်ပါတယ်။ ဒီကိစ္စဟာ အရင်ကတည်းက နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး ၊ သံတမန်ရေး အစရှိတဲ့ ဘက်ပေါင်းစုံက ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီအတွက် မြွေပူရာ ကင်းမှောင့်ဖြစ်ခဲ့ရပါတယ်။ အထူးသဖြင့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB နဲ့ မြန်မာ့ရင

သမိုင်းဘီးနောက် ခြေရာကောက်ခြင်း - ညိုထွန်း

Image
  သမိုင်းသည် အပြန်အပြန်အထပ်ထပ်လည်နေသည့် သဘောရှိရာ ယနေ့အဖြစ်အပျက်များသည် အတိတ်တစ်ချိန်က ဖြစ်ပျက်ခဲ့သည်များပင်ဖြစ်သည်။ သို့မဟုတ် အတိတ်တွင်ဖြစ်ပျက်ခဲ့သည်များနှင့် မနီးရိုးစွဲ ဆင်တူသည်ဟု ကောက်ချက်ချနိုင်ပေသည်။ အထူးသဖြင့် နိုင်ငံရေးတွင် အဟောင်းအဟောင်းတို့သည် တကျော့ပြန်လည်တတ်ပေရာ ၂၀၂၁ ခုနှစ်တွင် စစ်ခေါင်းဆောင်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် အာဏာသိမ်းမှုသည်လည်း ထိုနည်းတူပင်ဖြစ်သည်။ အာဏာသိမ်းမှုသည် သမိုင်းထဲက မည်သည့်အခြေအနေနှင့် ဆင်တူသနည်း။ အာဏာသိမ်းပြီး အခြေအနေများသည် မည်သည့်အခြေအနေကို တုပသနည်း စသည်တို့ကို ဆင်ခြင်ကြည့်ကြပါမည်။ ထိုသို့ ဆင်ခြင်လျှင် မည်သည်တို့ကိုတော့ ပုံတူကူးသည်၊ မည်သည်တို့ကိုတော့ ဆင့်ပွားကူးသည်ကို ဤသို့တွေ့ရပါလိမ့်မည်။  အာဏာသိမ်းခြင်းမဟုတ်ဟူသော ယူဆချက် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ စစ်တပ်ဘက်က တဖွဖွပြောဆိုခဲ့သည်မှာ အာဏာသိမ်းခြင်း မဟုတ်ဟူသော အယူအဆဖြစ်သည်။ ထိုအယူအဆမှာ ၁၉၅၈ ခုနှစ် ဖဆပလ အကွဲအပြဲတွင် ဝန်ကြီးချုပ်ဦးနု၏ ဖဆပလအစိုးရလက်ထဲမှ အာဏာသုံးရပ်ကို ဗိုလ်ချုပ်ကြီးနေဝင်း ရယူခဲ့သည့်ဖြစ်ရပ်အပေါ်တွင် မြစ်ဖျားခံသည်ဟု

စစ်မှုထမ်း ဋီကာ - ညိုထွန်း

Image
  သမိုင်းဝင် ရဲဘော်သုံးကျိပ်ဘဝကနေ ခေတ်အဆက်ဆက်ဂုဏ်တင့်ခဲ့တဲ့ မြန်မာ့တပ်မတော်ဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက်မှာတော့ အဆိုးရွားဆုံး နာမည်ပျက်မှုတွေနဲ့ ကြုံတွေ့နေခဲ့ရပါပြီ။  အထူးသဖြင့် လွတ်လပ်ရေးရပြီးနောက်ပိုင်း သမိုင်းမှာ နာမည်ကြီးခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ဗုံးဗုံးလဲသွားအောင်၊ ကျူးကျော်တဲ့ တရုတ်ဖြူ ကူမင်တန်တွေ ထွက်ပြေးအောင်၊ ၁၉၅၀ ဝန်းကျင်မှာ ရန်ကုန်အစိုးရဘဝကနေ လွတ်မြောက်အောင် တိုက်ရည်ခိုက်ရည်ကောင်းလှတဲ့ မြန်မာ့တပ်မတော်အဆင့်အတန်းမျိုး မဟုတ်တော့ဘူးဆိုတာ နိုင်ငံတကာအကဲခတ်တွေကြားမှာ ပိုပြီးထင်ရှားလာခဲ့ပါတယ်။  အဲဒီလို ၂၀၂၁ တော်လှန်စစ်မှာ အလဲလဲအပြိုပြိုနဲ့ အခြေမလှခဲ့တဲ့နောက် စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထုတ်သုံးစွဲလာတဲ့မူဝါဒက အရပ်သားပြည်သူတွေကို စစ်မှုထမ်းခိုင်းလိုက်တာပဲ ဖြစ်ပါတယ်။  ဒီတော့ စစ်မှုထမ်းဥပဒေ ဒါမှမဟုတ် စစ်မှုထမ်းဋီကာအကြောင်း နည်းနည်းလောက်ပြောကြည့်ရအောင်ပါ။  လွတ်လပ်ရေးကြိုးပမ်းမှုကာလမှာ ထင်ရှားပြီး လွတ်လပ်ရေးတပ်ဦးအဖွဲ့ချုပ်ကြီးလို့ခေါ်ဆိုကြတဲ့ ဖဆပလအဖွဲ့ချုပ်ကြီးဟာ ၁၉၅၈ မှာ နု-တင် (သန့်ရှင်းဖဆပလ) နဲ့ ဆွေငြိမ်း (တည်မြဲဖဆပလ) ဆိုပြီး နှစ်ခြမ်းကွဲသ

စစ်ခေါင်းဆောင်ရဲ့ မပီဝိုးတဝါး သမ္မတအိပ်မက် - ညိုထွန်း

Image
ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌပိုင်းအပြောင်းအလဲနဲ့အတူ စစ်ခေါင်းဆောင်တစ်ယောက် သူ့ရဲ့သမ္မတအိပ်မက်ကိုထုဆစ်ဖို့ကြိုးစားနေတာကို မျက်ဝါးထင်ထင်တွေ့မြင်နေရပါပြီ။  ဒါဟာ ပြည်သူလိုအပ်ရင် သမ္မတလုပ်မယ်လို့ ကြိမ်ဖန်များစွာ ဖြေကြားခဲ့သူစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သမ္မတဖြစ်ရေး ကြိုးပမ်းမှုတွေပဲ ဖြစ်ပါတယ်။ ပြည်သူတွေ သူ့ကိုလိုအပ်တယ်၊ မလိုအပ်ဘူးဆိုတာကတော့ စစ်ခေါင်းဆောင်ကိုယ်တိုင်အသိဆုံးဖြစ်မှာပါ။  ဒီတော့ စစ်ခေါင်းဆောင်ရဲ့ သမ္မတအိပ်မက်ရှင်းတမ်းကိုတစ်ချက်ကြည့်ရအောင်ပါ။  ပရာယုဒ်ကို အားကျလေသလား လွန်ခဲ့တဲ့ ၂၀၁၄ နှစ် ထိုင်းနိုင်ငံမှာ ပရာယုဒ်ချန်အိုချာတစ်ယောက် အာဏာသိမ်းတော့ မြန်မာနိုင်ငံဟာ အရပ်တစ်သားအစိုးရတစ်ပိုင်း လက်အောက်မှာ ဖြစ်ပါတယ်။ အဲဒီတုန်းက လက်ရှိစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ပါတယ်။  ထိုင်းရွေးကောက်ပွဲမှာ အငြင်းပွားမှုတွေကနေ အနိုင်ရပြီး ထိုင်းစစ်တပ်အကြီးအကဲ ပရာယုဒ်ချန်အိုချာ တစ်ယောက်ဝန်ကြီးချုပ်ဖြစ်လာပါတယ်။ ပရာယုဒ်ဝန်ကြီးချုပ်ဖြစ်လာတော့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကာကွယ်ရေးဦးစီးချုပ်ပဲ ဖြစ်ပါတယ်။  ဒ

အာဏာရှင်စက်ဝန်းဗဟိုချက်ထဲက မြန်မာ - ညိုထွန်း

Image
ဖိလစ်ပိုင်နိုင်ငံမှာ အာဏာရှင်ဟောင်းဖာဒီနန်မားကို့စ်ပြုတ်ကျပြီး နှစ်ပေါင်း ၃၀ အကြာမှာ သူ့သား ဖာဒီနန်မားကို့စ်ဂျူနီယာ ဒါမှမဟုတ် ဘုံဘုံက ဖိလစ်ပိုင်နိုင်ငံရဲ့ ၁၇ ယောက်မြောက် သမ္မတဖြစ်လာပါတယ်။ ဒီလိုပါပဲ နာမည်ပျက်နဲ့ကျော်စောတဲ့ သမ္မတဒူတာတေးရဲ့ သမီးက ဆာရာဒူတာတေးကလည်း ဒုသမ္မတဖြစ်လာတာပါပဲ။  ကမ္ဘောဒီးယားမှာလည်း လက်ရှိဝန်ကြီးချုပ်ဟာ အတိုက်အခံပါတီတွေကိုဖျက်သိမ်း၊ နိုင်ငံရေးသမားတွေကို ဖမ်းဆီးသတ်ဖြတ်နှိပ်ကွပ်ခဲ့ပြီး ပြည်သူအပေါ်ဖိနှိပ်ဗိုလ်ကျနေတဲ့ အာဏာရှင်ဟွန်ဆန်ဖြစ်ပါတယ်။  ဒီလိုပဲထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယုဒ်ချန်အိုချာဟာလည်း စစ်တပ်ကနေအာဏာသိမ်းပြီး ဝန်ကြီးချုပ်ဖြစ်လာသူပါ။  အရှေ့တောင်အာရှရဲ့ အာဏာရှင်စက်ဝန်းဗဟိုချက်မှာ နောက်ဆုံးအာဏာအသိမ်းခံလိုက်ရတာကတော့ မြန်မာဖြစ်ပါတယ်။ မြန်မာကိုတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာသိမ်းလိုက်တာပါ။  ဒီတော့ အရှေ့တောင်အာရှရဲ့ ရေခံမြေခံကို နည်းနည်းလောက်ကြည့်လိုက်ရအောင်ပါ။  ဖိလစ်ပိုင်သို့ မားကို့စ်မိသားစုအတွက် ဘုရားပေးတဲ့လက်ဆောင် ဖာဒီနန်မားကို့စ်ဆိုတာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဖိလစ်ပိုင်အာဏာရှင်ဟောင်းဖြစ်ပါတယ်။ လူ့

နိုင်ငံပိုင်သိမ်းတော့မှာလားနှင့် သီရိလင်္ကာလမ်းပြမြေပုံ - ညိုထွန်း

Image
သမ္မတတစ်ယောက်ထွက်ပြေးရတယ်ဆိုတာ ရုပ်ဆိုးလွန်းလှတဲ့ကိစ္စပါ။ ဒါပေမယ့်လည်း  အာဏာယစ်မူး၊ ဥစ္စာရူးပြီး ဆွေးမျိုးကောင်းစားရေးလုပ်နေတဲ့ သမ္မတတစ်ယောက် ထွက်ပြေးရတယ်ဆိုရင်တော့ဖြင့် ပြည်သူတွေအနေနဲ့က ကျေနပ်စရာပါ။  ဟုတ်ပါတယ်။ သီရိလင်္ကာသမ္မတကို ပြောတာပါ။ မြန်မာနိုင်ငံသားတွေ လိုချင်နေတဲ့ အခြေအနေတစ်ရပ်ကို သီရိလင်္ကာပြည်သူတွေက လုပ်ပြနိုင်ခဲ့ပါပြီ။  ဆိုတော့ သီရိလင်္ကာမှာ သမ္မတကထွက်ပြေး၊ စီးပွားရေးက ချွတ်ခြုံကျပြီး ပြည်သူတွေလည်း မွဲတေနေပါပြီ။ မနက်ဖြန်အတွက် အနာဂတ်ဆိုတာ ဘာလဲဆိုပြီး မေးခွန်းထုတ်နေရတဲ့ ဘဝပါ။  မြန်မာနိုင်ငံလည်း သီရိလင်္ကာနဲ့ သိပ်မကွာပါဘူး။ ပြည်သူတွေရဲ့အနာဂတ်တွေမဲ့ပြီး မျှော်လင့်ချက်တွေမဲ့နေရတဲ့အချိန်ပါ။ ပြည်သူတွေဟာ အလုပ်အကိုင်ကရှား၊ ကုန်ဈေးနှုန်းကကြီးပြီး စစ်ကောင်စီရဲ့ ညံ့ဖျင်းတဲ့စီမံခန့်ခွဲမှု သားကောင်ဖြစ်နေခဲ့ရတာပါ။  မြန်မာလူ့ဦးရေ ၄၀ ရာခိုင်နှုန်းဖြစ်တဲ့ ၂၁ သန်းကျော်ကလည်း တစ်နေ့ကို ၂ ဒေါ်လာလောက်ပဲရနေတယ်လို့ ကမ္ဘာ့ဘဏ်အစီရင်ခံစာတွေကဆိုပါတယ်။ လူဦးရေ ၁.၆ သန်းလောက်က အလုပ်လက်မဲ့ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။  ဒီဆောင်းပါးမှာတော့ သိပ်မကြာခင်ဖြစ်လာနိုင်ခြေရှိတဲ့ကိစ္စတွေကို ပြောသွားမှာပါ။ ပထမဆုံးကတော့ အာ

စစ်ခေါင်းဆောင်၏ အညံ့စားစီမံခန့်ခွဲမှုနှင့် အဆိုးကျော့ စီးပွားရေးမူဝါဒ - ညိုထွန်း

Image
အာဏာသိမ်းခံလိုက်ရပြီးသည့်နောက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ထင်ကြေးပေးပြောဆိုမှု အမျိုးမျိုးကို ကြားသိခဲ့ရပြီးဖြစ်သည်။  အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး အဓိကကျသည့်နှစ်ချက်ကို ထုတ်နုတ်ရလျှင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သမ္မတအိပ်မက်ဖြစ်မြောက်ရေးနှင့် နိုင်ငံ့စီးပွား ကိုယ့်စီးပွားလုပ်ကာ မောင်ပိုင်စီးချင်သည့် နှစ်ချက်ကို အထင်အရှားတွေ့နေရသည်။  ယခုဆောင်းပါးတွင် အထွေထွေကုန်ဈေးနှုန်းကြောင့် ပြည်သူများကြပ်တည်းလာမှုနှင့် စစ်ခေါင်းဆောင်၏ အကျိုးစီးပွားအကြောင်းကို ဖော်ပြမည်ဖြစ်သည်။  အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြည်သူလူထု၏ နိစ္စဓူဝ စားဝတ်နေရေးမှာ ခက်ခဲလာသည်။ အကြောင်းရင်းကို စစ်ထုတ်လျှင် အထွေထွေကုန်ဈေးနှုန်းကြီးမြင့်လာသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဆန်းစစ်ကြည့်ပါမည်။ အထွေထွေကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ပြည်သူ့ဒုက္ခ ၂၁၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ နောက်ပိုင်းမှစ၍ အထွေထွေကုန်ဈေနှုန်းမှာ မြင့်တက်လာသည်။ ဥပမာဆိုရလျှင် အာဏာမသိမ်းခင် ဇန်နဝါရီလကုန်က လူလတ်တန်းစားအများစုစားသုံးသည့် ဆန်တစ်အိတ်လျှင် ပျမ်းမျှ ကျပ် ၅၀,၀၀၀ ကျပ်ဝန်းကျင်သာရှိသည်။ ယခုမူ ဆန်တစ်အိတ်လျှင် ၆