Posts

စစ်ခေါင်းဆောင်ရဲ့ မပီဝိုးတဝါး သမ္မတအိပ်မက် - ညိုထွန်း

Image
ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌပိုင်းအပြောင်းအလဲနဲ့အတူ စစ်ခေါင်းဆောင်တစ်ယောက် သူ့ရဲ့သမ္မတအိပ်မက်ကိုထုဆစ်ဖို့ကြိုးစားနေတာကို မျက်ဝါးထင်ထင်တွေ့မြင်နေရပါပြီ။  ဒါဟာ ပြည်သူလိုအပ်ရင် သမ္မတလုပ်မယ်လို့ ကြိမ်ဖန်များစွာ ဖြေကြားခဲ့သူစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သမ္မတဖြစ်ရေး ကြိုးပမ်းမှုတွေပဲ ဖြစ်ပါတယ်။ ပြည်သူတွေ သူ့ကိုလိုအပ်တယ်၊ မလိုအပ်ဘူးဆိုတာကတော့ စစ်ခေါင်းဆောင်ကိုယ်တိုင်အသိဆုံးဖြစ်မှာပါ။  ဒီတော့ စစ်ခေါင်းဆောင်ရဲ့ သမ္မတအိပ်မက်ရှင်းတမ်းကိုတစ်ချက်ကြည့်ရအောင်ပါ။  ပရာယုဒ်ကို အားကျလေသလား လွန်ခဲ့တဲ့ ၂၀၁၄ နှစ် ထိုင်းနိုင်ငံမှာ ပရာယုဒ်ချန်အိုချာတစ်ယောက် အာဏာသိမ်းတော့ မြန်မာနိုင်ငံဟာ အရပ်တစ်သားအစိုးရတစ်ပိုင်း လက်အောက်မှာ ဖြစ်ပါတယ်။ အဲဒီတုန်းက လက်ရှိစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ပါတယ်။  ထိုင်းရွေးကောက်ပွဲမှာ အငြင်းပွားမှုတွေကနေ အနိုင်ရပြီး ထိုင်းစစ်တပ်အကြီးအကဲ ပရာယုဒ်ချန်အိုချာ တစ်ယောက်ဝန်ကြီးချုပ်ဖြစ်လာပါတယ်။ ပရာယုဒ်ဝန်ကြီးချုပ်ဖြစ်လာတော့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကာကွယ်ရေးဦးစီးချုပ်ပဲ ဖြစ်ပါတယ်။  ဒ

အာဏာရှင်စက်ဝန်းဗဟိုချက်ထဲက မြန်မာ - ညိုထွန်း

Image
ဖိလစ်ပိုင်နိုင်ငံမှာ အာဏာရှင်ဟောင်းဖာဒီနန်မားကို့စ်ပြုတ်ကျပြီး နှစ်ပေါင်း ၃၀ အကြာမှာ သူ့သား ဖာဒီနန်မားကို့စ်ဂျူနီယာ ဒါမှမဟုတ် ဘုံဘုံက ဖိလစ်ပိုင်နိုင်ငံရဲ့ ၁၇ ယောက်မြောက် သမ္မတဖြစ်လာပါတယ်။ ဒီလိုပါပဲ နာမည်ပျက်နဲ့ကျော်စောတဲ့ သမ္မတဒူတာတေးရဲ့ သမီးက ဆာရာဒူတာတေးကလည်း ဒုသမ္မတဖြစ်လာတာပါပဲ။  ကမ္ဘောဒီးယားမှာလည်း လက်ရှိဝန်ကြီးချုပ်ဟာ အတိုက်အခံပါတီတွေကိုဖျက်သိမ်း၊ နိုင်ငံရေးသမားတွေကို ဖမ်းဆီးသတ်ဖြတ်နှိပ်ကွပ်ခဲ့ပြီး ပြည်သူအပေါ်ဖိနှိပ်ဗိုလ်ကျနေတဲ့ အာဏာရှင်ဟွန်ဆန်ဖြစ်ပါတယ်။  ဒီလိုပဲထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယုဒ်ချန်အိုချာဟာလည်း စစ်တပ်ကနေအာဏာသိမ်းပြီး ဝန်ကြီးချုပ်ဖြစ်လာသူပါ။  အရှေ့တောင်အာရှရဲ့ အာဏာရှင်စက်ဝန်းဗဟိုချက်မှာ နောက်ဆုံးအာဏာအသိမ်းခံလိုက်ရတာကတော့ မြန်မာဖြစ်ပါတယ်။ မြန်မာကိုတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာသိမ်းလိုက်တာပါ။  ဒီတော့ အရှေ့တောင်အာရှရဲ့ ရေခံမြေခံကို နည်းနည်းလောက်ကြည့်လိုက်ရအောင်ပါ။  ဖိလစ်ပိုင်သို့ မားကို့စ်မိသားစုအတွက် ဘုရားပေးတဲ့လက်ဆောင် ဖာဒီနန်မားကို့စ်ဆိုတာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဖိလစ်ပိုင်အာဏာရှင်ဟောင်းဖြစ်ပါတယ်။ လူ့

နိုင်ငံပိုင်သိမ်းတော့မှာလားနှင့် သီရိလင်္ကာလမ်းပြမြေပုံ - ညိုထွန်း

Image
သမ္မတတစ်ယောက်ထွက်ပြေးရတယ်ဆိုတာ ရုပ်ဆိုးလွန်းလှတဲ့ကိစ္စပါ။ ဒါပေမယ့်လည်း  အာဏာယစ်မူး၊ ဥစ္စာရူးပြီး ဆွေးမျိုးကောင်းစားရေးလုပ်နေတဲ့ သမ္မတတစ်ယောက် ထွက်ပြေးရတယ်ဆိုရင်တော့ဖြင့် ပြည်သူတွေအနေနဲ့က ကျေနပ်စရာပါ။  ဟုတ်ပါတယ်။ သီရိလင်္ကာသမ္မတကို ပြောတာပါ။ မြန်မာနိုင်ငံသားတွေ လိုချင်နေတဲ့ အခြေအနေတစ်ရပ်ကို သီရိလင်္ကာပြည်သူတွေက လုပ်ပြနိုင်ခဲ့ပါပြီ။  ဆိုတော့ သီရိလင်္ကာမှာ သမ္မတကထွက်ပြေး၊ စီးပွားရေးက ချွတ်ခြုံကျပြီး ပြည်သူတွေလည်း မွဲတေနေပါပြီ။ မနက်ဖြန်အတွက် အနာဂတ်ဆိုတာ ဘာလဲဆိုပြီး မေးခွန်းထုတ်နေရတဲ့ ဘဝပါ။  မြန်မာနိုင်ငံလည်း သီရိလင်္ကာနဲ့ သိပ်မကွာပါဘူး။ ပြည်သူတွေရဲ့အနာဂတ်တွေမဲ့ပြီး မျှော်လင့်ချက်တွေမဲ့နေရတဲ့အချိန်ပါ။ ပြည်သူတွေဟာ အလုပ်အကိုင်ကရှား၊ ကုန်ဈေးနှုန်းကကြီးပြီး စစ်ကောင်စီရဲ့ ညံ့ဖျင်းတဲ့စီမံခန့်ခွဲမှု သားကောင်ဖြစ်နေခဲ့ရတာပါ။  မြန်မာလူ့ဦးရေ ၄၀ ရာခိုင်နှုန်းဖြစ်တဲ့ ၂၁ သန်းကျော်ကလည်း တစ်နေ့ကို ၂ ဒေါ်လာလောက်ပဲရနေတယ်လို့ ကမ္ဘာ့ဘဏ်အစီရင်ခံစာတွေကဆိုပါတယ်။ လူဦးရေ ၁.၆ သန်းလောက်က အလုပ်လက်မဲ့ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။  ဒီဆောင်းပါးမှာတော့ သိပ်မကြာခင်ဖြစ်လာနိုင်ခြေရှိတဲ့ကိစ္စတွေကို ပြောသွားမှာပါ။ ပထမဆုံးကတော့ အာ

စစ်ခေါင်းဆောင်၏ အညံ့စားစီမံခန့်ခွဲမှုနှင့် အဆိုးကျော့ စီးပွားရေးမူဝါဒ - ညိုထွန်း

Image
အာဏာသိမ်းခံလိုက်ရပြီးသည့်နောက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ထင်ကြေးပေးပြောဆိုမှု အမျိုးမျိုးကို ကြားသိခဲ့ရပြီးဖြစ်သည်။  အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး အဓိကကျသည့်နှစ်ချက်ကို ထုတ်နုတ်ရလျှင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သမ္မတအိပ်မက်ဖြစ်မြောက်ရေးနှင့် နိုင်ငံ့စီးပွား ကိုယ့်စီးပွားလုပ်ကာ မောင်ပိုင်စီးချင်သည့် နှစ်ချက်ကို အထင်အရှားတွေ့နေရသည်။  ယခုဆောင်းပါးတွင် အထွေထွေကုန်ဈေးနှုန်းကြောင့် ပြည်သူများကြပ်တည်းလာမှုနှင့် စစ်ခေါင်းဆောင်၏ အကျိုးစီးပွားအကြောင်းကို ဖော်ပြမည်ဖြစ်သည်။  အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြည်သူလူထု၏ နိစ္စဓူဝ စားဝတ်နေရေးမှာ ခက်ခဲလာသည်။ အကြောင်းရင်းကို စစ်ထုတ်လျှင် အထွေထွေကုန်ဈေးနှုန်းကြီးမြင့်လာသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဆန်းစစ်ကြည့်ပါမည်။ အထွေထွေကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ပြည်သူ့ဒုက္ခ ၂၁၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ နောက်ပိုင်းမှစ၍ အထွေထွေကုန်ဈေနှုန်းမှာ မြင့်တက်လာသည်။ ဥပမာဆိုရလျှင် အာဏာမသိမ်းခင် ဇန်နဝါရီလကုန်က လူလတ်တန်းစားအများစုစားသုံးသည့် ဆန်တစ်အိတ်လျှင် ပျမ်းမျှ ကျပ် ၅၀,၀၀၀ ကျပ်ဝန်းကျင်သာရှိသည်။ ယခုမူ ဆန်တစ်အိတ်လျှင် ၆

စစ်ခေါင်းဆောင်က အခြေခံဥပဒေကို ပြင်တော့မှာလား - ညိုထွန်း

Image
စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခြေခံဥပဒေကို ပြင်ဆင်တော့မည်လောဟု တစ်စုံတစ်ယောက်က မေးလာအံ့။ “ပြင်ရန် ရာခိုင်နှုန်း ၇၅ ဖြစ်ပါသည်”ဟုဆိုချင်သည်။ ထိုသို့ဖြေရန် အကြောင်းအချက်များရှိသည်။  ယခုဆောင်းပါးတွင် အခြေခံဥပဒေနှင့်ပတ်သက်ပြီး စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အခြေခံဥပဒေပြင်ဆင်နည်းနှင့် လူထုတိုက်ပွဲအကြောင်းကို ဖော်ပြသွားမည်ဖြစ်သည်။ အခင်းအကျင်း ၂၀၂၂ ခုနှစ်၊ ဇွန်လ ၈ ရက်တွင် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှော်ဘီမြို့ရှိ ညောင်နှစ်ပင်ခန်းမကို သွားရောက်ကကြည့်ရှုသည်။ ညောင်နှစ်ပင်ခန်းမသည် ၂၀၀၈ အခြေခံဥပဒေ သန္ဓေတည်ရာ ဘူမိနက်သန်ဖြစ်သည်။ ထိုနေရာတွင် ၁၉၉၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ၁၄ ကြာ အခြေခံဥပဒေကို စိတ်တိုင်းကျရေးဆွဲခဲ့သည်။ ထိုအခြေခံဥပဒေဖြင့်ပင် အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အေးအေးလူလူအနားယူသွားသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာသည်။ ထိုအခြေခံဥပဒေဖြင့်ပင် လွှတ်တော်များပေါ်လာသည်။ ထိုအခြေခံဥပဒေဖြင့်ပင် လွှတ်တော်ထဲတွင် စစ်တပ်က ၂၅ ရာခိုင်နှုန်းဝင်ထိုင်ကြသည်။ ထိုအခြေခံဥပဒေဖြင့်ပင် စစ်တပ်သည် နိုင်ငံရေ

ဘယ်ခြောက်ကာ ညာလှမ်းသည့် စစ်ခေါင်းဆောင် ဆင်ကြံ - ညိုထွန်း

Image
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်ရှိပဋိပက္ခများအတွက် ဆွေးနွေးအဖြေရှာရန် လမ်းစကို ဖွင့်လိုက်လေသည်။  EAOs များနှင့် တွေ့ဆုံမည်။ ဆွေးနွေးမည်။ တစ်ဖွဲ့လျှင် ခေါင်းဆောင်အပါ သုံးယောက် တက်လိုသူများ မေလ ၂၉ ရက် နောက်ဆုံး စာရင်းပေးကြပါဟု ဆိုသည်။တက်ရောက်သူများနှင့် သူကိုယ်တိုင် ဆွေးနွေးမည်ဟုလည်း စစ်ခေါင်းဆောင်က ဆိုသည်။  အခြားသောအဖွဲ့များထံမှ မှတ်ချက်များမကြားရသေးမီ KNU ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတာနီးထံမှ စကားသံတစ်ခု မီဒီယာထက်သို့ရောက်လာသည်။ အကျဥ်းချုပ်လျှင် သူက အချက်လေးချက်ကို အဓိကထားပြောသည်။ ဤဆောင်းပါးတွင် အပိုင်းနှစ်ပိုင်းခွဲ၍ စာဖတ်သူများထံ တင်ပြမည်ဖြစ်ပြီး တစ်ပိုင်းမှာ ဘယ်ခြောက်ကာ ညာလှမ်းသည့် စစ်ခေါင်းဆောင်အကြံဖြစ်သည်။ နောက်တစ်ပိုင်းမှာ ဖဒိုစောတာနီး၏ တောင်းဆိုချက်များကို သုံးသပ်​ကြည့်ခြင်းဖြစ်သည်။ ဦးစွာ ဖဒိုစောတာနီးပြောသည့်အချက်လေးချက်ကို တစ်ချက်စီ စေငုကြည့်ပါမည်။ (၁) စစ်တပ်သည် နိုင်ငံရေးမှ ဆုတ်ခွာရန်။ ဤကိစ္စသည် မြန်မာနိုင်ငံရေးသမားများ အမြဲတောင်းဆိုနေသည့်အချက်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သည့် BIA, BDA တပ်မတော် (ဤနေရာတွင် တပ်မတော်သုံးပြီး စစ်ခေါင်ဆောင်းတို့၏ လက်

ပစ္စန္တရစ်တွင် ရေတင်ခြင်း (ခေတ်အလင်း)

Image
ဖြတ်ခနဲ မီးလင်းလာသောအခါ ချက်ချင်းပင်နိုးသည်။ ဘေးတွင်မူ ဇနီးသည် သည် အကြောင့်အကျမဲ့ အိပ်ပျော်နေဆဲရှိပါသေးသည်။ အိပ်ရာမှ မထသေးဘဲ ဖုန်းဖြင့်ပင် နာရီကိုကြည့်သည်။ မနက်တစ်နာခွဲပါပကော။ ယခင်ကမူ မီးဖွင့်၍မအိပ်။ မီးပြတ်ပြီး ပြန်လာချိန်တွင် မီးအားဆောင့်တက်၍ အန္တရာယ်ဖြစ်မည်ကိုစိုးရိမ်သောကြောင့်ဖြစ်သည်။ ယခုတော့ ညအိပ်လျှင် မီးတစ်ပွင့်တော့ ဖွင့်ထားရသည်။ဒါမှသာ မီးလာလျှင်သိမည်။ မီးလာပြီဖြစ်သည်။ရေမောင်းရန် ထရပေတော့သည်။ ရန်ကုန်တွင်နေသည်မှာ မွေးစကပင်ဖြစ်ရာ မြို့ပြပါးဝသည်ဟု ပြောလျှင်ရပေသည်။ မြို့ပြအထာအားလုံးနီးပါးကို နပ်နေပြီ။ ယခုလပိုင်းတွင် မီးသည်ခဏခဏလာသည်။ သို့မဟုတ် ခဏခဏပြတ်သည်။ ယခင်ကထက် ပိုပြတ်သည်။ လာလျှင်လည်း မှိတ်တုပ်မှိတ်တုပ်ဟု ပြော၍ရသည်။ မီးလာသည်။ နှစ်မိနစ်ခန့်ကြာလျှင် ပြန်ပြတ်သည်။ ထိုနောက် ပြန်လာသည်။ ပြန်ပြတ်သည်။ နောက်ပိုင်းတွင်မူ မလာတော့ချေ။  တွေးနေဆဲပင် မျက်စောင်းထိုးအိမ်ဆီမှ ရေစက်သံတဖုန်းဖုန်းကို ကြားရသည်။ အင်း... ရေတင်နေကြပြီပဲ။ အိပ်ရာကလူးလဲထသည်။ ရေစက်ကို ဖွင့်သည်။ ရေစက်သံကိုကြားရသည်။ စက်သံကို နားစွင့်သည်။ စက်သံမှန်သည်။ အိုကေပါပြီ။  ညဦးကတည်းကပင် အောက်ဆုံးထပ်ရှိရေကန်တွင် ရေမည်မျှကျန်ရှိသည်ကို ကြည

နွေဦးတော်လှန်ရေးနဲ့ မြန်မာပြည်လက်နက်ပြသာနာ

Image
  နိုင်ငံတကာလူငယ်တွေ အင်တာနက် လက်ပ်တော့နဲ့ ခေတ်မီမျိုးစုံသော ပညာရပ်တွေကြားထဲ နိုင်ငံတည်ဆောက်ရေးအတွက် အလုပ်ရှုပ်နေချိန် မြန်မာလူငယ်တွေမှာကား သမိုင်းဘီး တကျော့ပြန်လည်သောအခါ လက်ပ်တော့အစား  လက်နက်ကိုင်ကြရတော့သည်။  နိုင်ငံရေးသည် နိုင်ငံ၏စနစ်ကို စီရင်သည်။ နိုင်ငံရေးငြိမ်မှ၊ နိုင်ငံရေးကောင်းမှ နိုင်ငံစနစ်ကောင်းသည်။ စနစ်ကောင်းမှ ဖွံ့ဖြိုးမှုလမ်းမပေါ်ခြေချနိုင်ပေမည်။ ယခုမူ နိုင်ငံရေးမကောင်း၍ စနစ်မကောင်း။ နိုင်ငံရေးအမဲဖျက်လို့ လူငယ်တွေ ဘဝပျက်ရသည်။  မြန်မာ့နိုင်ငံရေးတွင် လူငယ်တွေကို တောထဲတွန်းပို့ လက်နက်ကိုင်စေသော အထင်ကရဖြစ်ရပ်ကြီး သုံးခုရှိသည်။ ဖြစ်ရပ်များသည်မတူသလို စေ့ဆော်သောအကြောင်းရင်းသည်မတူ။ တူသည်က နိုင်ငံတည်ဆောက်ရေးအတွက် အရင်းအမြစ်များဆုံးရှုံးခြင်းဖြစ်သည်။ ပထမတစ်ခုမှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း သိပ်မကြာ ကွန်မြူနစ်ပါတီတောခိုသွားခြင်းဖြစ်သည်။ ဤတောခိုမှုတွင်ပါဝင်သော ထိုခေတ်က လူငယ်လူရွယ်များသည် ဝါဒရေးရာတွင် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ခြင်း မြန်မာ့ လွတ်လပ်ရေးကြိုးပမ်းမှုတွင် ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့သူများဖြစ်ခြင်းတို့ကြောင့် နိုင်ငံအတွက် နှမျောစရာဖြစ်သည်။ သခင်သန်းထွန်းတို့တောခိုရာမှအစပ