Posts

Showing posts with the label Politics

ကျားဖြန့်အကြောင်း လွယ်ကူရိုးရှင်းစွာ နားလည်ခြင်း

Image
ကျားဖြန့်ဆိုတာ ဘာလဲ။ ကျားဖြန့် ဘာတွေလုပ်လဲ။ ကျားဖြန့်က လူငယ်တွေနဲ့ ဘယ်လိုပတ်သက်လဲ ဒီလိုမေးခွန်းပေါင်းများစွာအတွက် ဒီဆောင်းပါးက အဖြေဖြစ်ပါလိမ့်မယ်။ ရှုပ်ထွေးပွေလီလှတဲ့ ကျားဖြန့်လုပ်ငန်းစဉ်ကို တစ်ဆင့်ချင်း အထုပ်ဖြည်ပြမှာဖြစ်သလို ဘယ်လိုရှောင်ရှားနိုင်မလဲဆိုတာကိုပါ ရှင်းပြသွားမှာပါ။ ကျားဖြန့်ဆိုတာ ဘာလဲ ကျားဖြန့်ဆိုတာ 诈骗 (Zhàpiàn) ဆိုတဲ့ တရုတ်စကားလုံး တစ်ခုပါ။ ပြီးတော့ တရုတ်အသံထွက်အနေနဲ့ ကျားဖြန့်လို့ ခေါ်ကြတာပါ။ လိမ်ညာခြင်း၊ ငွေကြေးလိမ်ညာခြင်းဆိုပြီး အဓိပ္ပါယ်ရပါတယ်။ အရှေ့တောင်အာရှနဲ့နိုင်ငံတော်တော်များများမှာတော့ ကျားဖြန့်ဆိုတာကို အင်တာနက်ပေါ်ကနေ ငွေကြေးလိမ်လည်မှုဆိုပြီး သဘောပေါက်ထားကြပါတယ်။ ကျားဖြန့်ကို ဘယ်သူစလဲ ကျားဖြန့်ဆိုတာ တရုတ်စကားလုံး၊ တရုတ်စာဖြစ်ကြောင်း ပြောခဲ့ပြီးပါပြီ။ ဒါကြောင့် ကျားဖြန့် လိမ်လည်တဲ့လုပ်ငန်းရဲ့အစဟာ တရုတ်တွေပဲဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ နည်းပညာထိပ်တန်း ရောက်လာပြီးတဲ့နောက် တစ်ကမ္ဘာလုံးမှာ ကျားဖြန့်လုပ်ငန်းဟာ ကြီးထွားလာတာဖြစ်ပါတယ်။ ဘယ်သူတွေက ကျားဖြန့်ရဲ့ အဓိကပစ်မှတ်လဲ ကျားဖြန့်ရဲ့ အဓိကပစ်မှတ်ကတော့ ခြုံပြောရရင် ငွေကြေးချမ်းသာတဲ့ အနောက်နိုင်ငံကလူတွေပဲ ဖြစ်ပါတယ်။  အမေရိက

အာဏာရှင်အကျိုးစီးပွားအတွက် အသုံးချခံဖြစ်နေရတဲ့ ဗုဒ္ဓဘာသာ - ညိုထွန်း

Image
    မေလ ၁၄ ရက်သည် ဗုဒ္ဓဘာသာဝင်တို့၏ ကဆုန်လပြည့်ဗုဒ္ဓနေ့ဖြစ်သည်။ ထိုနေ့တွင် စစ်ခေါင်းဆောင်တပ်တွေ ဝင်ရောက်မီးရှို့သောကြောင့် မြန်မာ့နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းထဲက ရွာတွေ ပြာကျခဲ့သည်။ ဒေသခံများသည် ဗုဒ္ဓနေ့၏ အနှစ်သာရကို မခံစားနိုင်ဘဲ အသက်ဘေးကြောင့် ပြေးနေလွှားနေခဲ့ရသည်။ တစ်ဖက်တွင်လည်း မီးရှို့ ပစ်ခတ်နေသည့် စစ်တပ်၏ အကြီးအမှူးဖြစ်သော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သူ့အစိုးရအဖွဲ့က ဒက္ခိဏသီရိမြို့နယ်မှာ ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျောက်စာ ရေးထိုးပူဇော်သည့် အခမ်းအနားကို တက်ရောက်လျက်ရှိသည်။ ထို့အပြင် ညနေပိုင်းတွင် နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်ကြီးတွင် ကဆုန်ညောင်ရေသွန်းခဲ့ကြသေးသည်။ စစ်ကောင်စီလက်အောက်ခံ မန္တလေးတိုင်းဝန်ကြီးချုပ်သည်လည်း ထိုနေ့တွင် သံဃာအပါး ၁၀၂၆၄ ပါးကို ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီး ခမ်းခမ်းနားနားကျင်းပခဲ့သည်။ ထိုအတွက် ကျပ်သိန်း ၈၅၀၀ (၈၅၀,၀၀၂,၅၆၀ ကျပ်) သုံးစွဲခဲ့သည်။ ပြီးခဲ့သည့် မေလအတွင်း စစ်ခေါင်းဆောင်နှင့် နောက်လိုက်များသည် ဘာသာရေးအခမ်း အနားပွဲများစွာကို တက်ရောက်ခဲ့ကြပြီး ထိုထိုသော ပွဲများအနက် အချို့ကို ကောက်နုတ်ပြရလျှင် သံဃာတော်များကို ဆုတံဆိပ်ဆက်ကပ်ပွဲ၊ ထီးတော်တင်ပွဲ၊

နေပြည်တော်ခရီးသွားများအတွက် ပြည်သူပေးသော သတင်းစကား - ညိုထွန်း

Image
  ယခုအခါ မြန်မာပြည်တွင် ငြိမ်းချမ်းရေးစကားကိုတွင်တွင်ကြားနေရသည်။ ပြန်၍စေ့ငုလျှင် မငြိမ်းချမ်းသောကြောင့်သာ ငြိမ်းချမ်းရေးစကားကြားရသည်ဟု ဆိုနိုင်သည်။ မငြိမ်းချမ်းလေ ငြိမ်းချမ်းရေးစကားပြောရလေပင်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ငြိမ်းချမ်းရေး စကားပြောသည်။ စားပွဲဝိုင်းတွင် တွေ့ဆုံရန် ကမ်းလှမ်းသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ခေါင်းဆောင်အပါအဝင် တစ်ဖွဲ့သုံးယောက် တက်နိုင်သည်။ သူကိုယ်တိုင်တော့ တစ်ဖွဲ့စီသီးခြားတွေ့မည်ဟုဆိုသည်။ ယခုလနောက်ဆုံးပတ်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်မြောက်မည်ဟု ခန့်မှန်းရသည်။ သို့သော်လည်း စစ်ခေါင်းဆောင်၏ နေပြည်တော်လမ်းကို မရွေးသူများလည်းရှိသည်။ ထိုသူတို့သည် သမိုင်းအသိအရ သတိရှိရှိဖြင့် ချဉ်းကပ်ကြသူများဟုလည်း ဆိုနိုင်သည်။ နှစ်ပေါင်း ၇၀ကျော် 'ချ' သမိုင်းတွင် ကိုယ်တိုင်ကိုယ်ကျ ကပြခဲ့သူများဖြစ်ရာ ခေတ်အဆက်ဆက် စစ်ခေါင်းဆောင်တို့၏ ဘယ်ကွေ့တွင် ဘယ်တက်နှင့် လှော်မည်ကို ကြိုတင်တွက်ဆနိုင်သူများလည်းဖြစ်သည်။  တနည်းဆိုရလျှင် အတိတ်သမိုင်းတွင်ခံရပါများ၍ အနာမကျက်သေးချိန်လည်းဖြစ်ရာ ယခုဆွေးနွေးပွဲအတွက် အယုံအကြည်နည်းသူများလည်းဖြစ်သည်။ နေပြည်တော်လမ်း

သမိုင်းဘီးနောက် ခြေရာကောက်ခြင်း - ညိုထွန်း

Image
  သမိုင်းသည် အပြန်အပြန်အထပ်ထပ်လည်နေသည့် သဘောရှိရာ ယနေ့အဖြစ်အပျက်များသည် အတိတ်တစ်ချိန်က ဖြစ်ပျက်ခဲ့သည်များပင်ဖြစ်သည်။ သို့မဟုတ် အတိတ်တွင်ဖြစ်ပျက်ခဲ့သည်များနှင့် မနီးရိုးစွဲ ဆင်တူသည်ဟု ကောက်ချက်ချနိုင်ပေသည်။ အထူးသဖြင့် နိုင်ငံရေးတွင် အဟောင်းအဟောင်းတို့သည် တကျော့ပြန်လည်တတ်ပေရာ ၂၀၂၁ ခုနှစ်တွင် စစ်ခေါင်းဆောင်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် အာဏာသိမ်းမှုသည်လည်း ထိုနည်းတူပင်ဖြစ်သည်။ အာဏာသိမ်းမှုသည် သမိုင်းထဲက မည်သည့်အခြေအနေနှင့် ဆင်တူသနည်း။ အာဏာသိမ်းပြီး အခြေအနေများသည် မည်သည့်အခြေအနေကို တုပသနည်း စသည်တို့ကို ဆင်ခြင်ကြည့်ကြပါမည်။ ထိုသို့ ဆင်ခြင်လျှင် မည်သည်တို့ကိုတော့ ပုံတူကူးသည်၊ မည်သည်တို့ကိုတော့ ဆင့်ပွားကူးသည်ကို ဤသို့တွေ့ရပါလိမ့်မည်။  အာဏာသိမ်းခြင်းမဟုတ်ဟူသော ယူဆချက် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ စစ်တပ်ဘက်က တဖွဖွပြောဆိုခဲ့သည်မှာ အာဏာသိမ်းခြင်း မဟုတ်ဟူသော အယူအဆဖြစ်သည်။ ထိုအယူအဆမှာ ၁၉၅၈ ခုနှစ် ဖဆပလ အကွဲအပြဲတွင် ဝန်ကြီးချုပ်ဦးနု၏ ဖဆပလအစိုးရလက်ထဲမှ အာဏာသုံးရပ်ကို ဗိုလ်ချုပ်ကြီးနေဝင်း ရယူခဲ့သည့်ဖြစ်ရပ်အပေါ်တွင် မြစ်ဖျားခံသည်ဟု

စစ်မှုထမ်း ဋီကာ - ညိုထွန်း

Image
  သမိုင်းဝင် ရဲဘော်သုံးကျိပ်ဘဝကနေ ခေတ်အဆက်ဆက်ဂုဏ်တင့်ခဲ့တဲ့ မြန်မာ့တပ်မတော်ဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက်မှာတော့ အဆိုးရွားဆုံး နာမည်ပျက်မှုတွေနဲ့ ကြုံတွေ့နေခဲ့ရပါပြီ။  အထူးသဖြင့် လွတ်လပ်ရေးရပြီးနောက်ပိုင်း သမိုင်းမှာ နာမည်ကြီးခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ဗုံးဗုံးလဲသွားအောင်၊ ကျူးကျော်တဲ့ တရုတ်ဖြူ ကူမင်တန်တွေ ထွက်ပြေးအောင်၊ ၁၉၅၀ ဝန်းကျင်မှာ ရန်ကုန်အစိုးရဘဝကနေ လွတ်မြောက်အောင် တိုက်ရည်ခိုက်ရည်ကောင်းလှတဲ့ မြန်မာ့တပ်မတော်အဆင့်အတန်းမျိုး မဟုတ်တော့ဘူးဆိုတာ နိုင်ငံတကာအကဲခတ်တွေကြားမှာ ပိုပြီးထင်ရှားလာခဲ့ပါတယ်။  အဲဒီလို ၂၀၂၁ တော်လှန်စစ်မှာ အလဲလဲအပြိုပြိုနဲ့ အခြေမလှခဲ့တဲ့နောက် စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထုတ်သုံးစွဲလာတဲ့မူဝါဒက အရပ်သားပြည်သူတွေကို စစ်မှုထမ်းခိုင်းလိုက်တာပဲ ဖြစ်ပါတယ်။  ဒီတော့ စစ်မှုထမ်းဥပဒေ ဒါမှမဟုတ် စစ်မှုထမ်းဋီကာအကြောင်း နည်းနည်းလောက်ပြောကြည့်ရအောင်ပါ။  လွတ်လပ်ရေးကြိုးပမ်းမှုကာလမှာ ထင်ရှားပြီး လွတ်လပ်ရေးတပ်ဦးအဖွဲ့ချုပ်ကြီးလို့ခေါ်ဆိုကြတဲ့ ဖဆပလအဖွဲ့ချုပ်ကြီးဟာ ၁၉၅၈ မှာ နု-တင် (သန့်ရှင်းဖဆပလ) နဲ့ ဆွေငြိမ်း (တည်မြဲဖဆပလ) ဆိုပြီး နှစ်ခြမ်းကွဲသ

စစ်ခေါင်းဆောင်ရဲ့ မပီဝိုးတဝါး သမ္မတအိပ်မက် - ညိုထွန်း

Image
ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌပိုင်းအပြောင်းအလဲနဲ့အတူ စစ်ခေါင်းဆောင်တစ်ယောက် သူ့ရဲ့သမ္မတအိပ်မက်ကိုထုဆစ်ဖို့ကြိုးစားနေတာကို မျက်ဝါးထင်ထင်တွေ့မြင်နေရပါပြီ။  ဒါဟာ ပြည်သူလိုအပ်ရင် သမ္မတလုပ်မယ်လို့ ကြိမ်ဖန်များစွာ ဖြေကြားခဲ့သူစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သမ္မတဖြစ်ရေး ကြိုးပမ်းမှုတွေပဲ ဖြစ်ပါတယ်။ ပြည်သူတွေ သူ့ကိုလိုအပ်တယ်၊ မလိုအပ်ဘူးဆိုတာကတော့ စစ်ခေါင်းဆောင်ကိုယ်တိုင်အသိဆုံးဖြစ်မှာပါ။  ဒီတော့ စစ်ခေါင်းဆောင်ရဲ့ သမ္မတအိပ်မက်ရှင်းတမ်းကိုတစ်ချက်ကြည့်ရအောင်ပါ။  ပရာယုဒ်ကို အားကျလေသလား လွန်ခဲ့တဲ့ ၂၀၁၄ နှစ် ထိုင်းနိုင်ငံမှာ ပရာယုဒ်ချန်အိုချာတစ်ယောက် အာဏာသိမ်းတော့ မြန်မာနိုင်ငံဟာ အရပ်တစ်သားအစိုးရတစ်ပိုင်း လက်အောက်မှာ ဖြစ်ပါတယ်။ အဲဒီတုန်းက လက်ရှိစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ပါတယ်။  ထိုင်းရွေးကောက်ပွဲမှာ အငြင်းပွားမှုတွေကနေ အနိုင်ရပြီး ထိုင်းစစ်တပ်အကြီးအကဲ ပရာယုဒ်ချန်အိုချာ တစ်ယောက်ဝန်ကြီးချုပ်ဖြစ်လာပါတယ်။ ပရာယုဒ်ဝန်ကြီးချုပ်ဖြစ်လာတော့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကာကွယ်ရေးဦးစီးချုပ်ပဲ ဖြစ်ပါတယ်။  ဒ