Posts

Showing posts with the label History

တက္ကသိုလ်မှာ မြန်မာစာသင်ကြားရေး ဘယ်လိုအစပြုခဲ့လဲ

Image
မြန်မာနိုင်ငံမှာနေ မြန်မာလူမျိုးဖြစ်လို့ နေ့တိုင်းတော့ မြန်မာစကားကိုပြော၊ မြန်မာစာကို ဖတ်နေကြရတာပါပဲ။ ပြည်တွင်းကပုဂ္ဂလိက ကျောင်းတွေနဲ့ နိုင်ငံတကာကျောင်း (International School) တွေမှာ မြန်မာစာ ဘာသာရပ်ဟာ တိုင်းခြားဘာသာရပ်တစ်ခုလို ဖြစ်လာနေပါတယ်။ အကြောင်းကတော့ အဲဒီကျောင်းတွေမှာ ကျောင်းသား၊ ကျောင်းသူတွေဟာ အဆင့်မြင့်တဲ့ ပညာရေးကို ရယူနေကြပေမဲ့ မြန်မာစာအတွက် ပြင်ပမှာ ဆရားငှားပြီး သီးခြားထပ်မံသင်ယူနေရတာကြောင့်ဖြစ်ပါတယ်။  ပြည်တွင်းမှာရှိတဲ့ နိုင်ငံတကာကျောင်းတချို့ဆိုရင်လည်း သူတို့ကျောင်းတွေမှာ မြန်မာစာဘာသာရပ်ကို သင်ကြားပေးတာ မရှိတော့ပါဘူး။ မြန်မာစာအပေါ်  ကျောင်းသားကျောင်းသူတွေ စိတ်ဝင်စားမှုနဲ့ တန်ဖိုးထားမှု လျော့နည်း လာတာဟာ မြန်မာစာအနာဂတ်အတွက် စိုးရိမ်ဖွယ်ရာဖြစ်ပါတယ်။  လူမျိုးတစ်မျိုးရဲ့ ဘာသာစကားဟာ အဲဒီလူမျိုးရဲ့ ယဉ်ကျေးမှုအဆင့်အတန်းလို့ ပြောစမှတ်ရှိကြပါတယ်။ ရေနဲ့ကြာလို စာပေမြင့်မှ ယဉ်ကျေးမှုလည်း တင့်ပါလိမ့်မယ်။  လူငယ်တို့အတွက် ခေတ်ကြီးက  တိုးတက်တဲ့အမြင်နဲ့ တိုးတက်တဲ့ အယူအဆကို တောင်းဆိုနေပါတယ်။ အဲဒီလို တိုးတက်တဲ့အမြင်၊  တိုးတက်တဲ့အယူအဆကို သဘောတူလက်ခံကျင့်သုံးနိုင်သလို ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျို

ဒေါက်တာဘမော်နှင့် ပညာတတ်နိုင်ငံရေး (စိတ်ကူးရနံ့)

Image
ဗိုလ်ချုပ်တို့ လုပ်ကြံခံရပြီး နောက်တစ်ရက် လန်ဒန်တိုင်းမ်သတင်းစာကို ဒေါက်တာဘမော်က ပြောတယ်။ "မြန်မာလူငယ်တွေ လက်နက်ကို စွဲလမ်းသွားပြီ။ အနာဂတ်နိုင်ငံရေးကို လက်နက်တွေနဲ့ ဆုံးဖြတ်ကြတော့မယ်"(အတိအကျမဟုတ်) ဆရာကျော်ဝင်းစာအုပ်ထဲမှာလည်း ပါတယ်။ တခြားစာအုပ်တွေထဲမှာလည်း အဲဒါပါတယ်။ ငယ်ငယ်က အဲဒါဖတ်ရတော့ ဒီလူကြီးပြောတာ အဟုတ်ထင်တာ။ လူငယ်တွေ အတော်ဆိုးတာဆိုပြီးလည်း အထင်ရောက်ခဲ့မိပါတယ်။ ဒေါက်တာဘမော်ဆိုတာ အင်္ဂလိပ်ခေတ်နဲ့ ဂျပန်ခေတ်မှာ ထိပ်သီးပညာတတ်လို့ပြောရမယ်။ ဟိုဘက်ကအခန်းကနေ သူနဲ့ တခြားတစ်ယောက်(နာမည်မမှတ်မိ) စကားပြောနေရင် ဒီဘက်ကနေကြားရတဲ့လူက သူတို့ကို ဘိုတွေလို့ကို ထင်တာတဲ့...သခင်ကိုယ်တော်မှိုင်းက အဲဒီလိုပြောတယ်ဆိုလားပဲ။  အခုခေတ်အထိလည်း ဒေါက်တာဘမော်ရဲ့မျိုးဆက်တွေဟာ တကယ့်ပညာတတ်တွေပါ။ ပြောချင်တာက  သက်ကြီး ပညာတတ်တွေဟာ ဒေါက်တာ ဘမော်ကို အတော်လေးအထင်ကြီးကြတာ။ ဒေါက်တာဘမော်တို့လို ပညာတတ်တွေရှိပါလျက်နဲ့ ဗိုလ်ချုပ်တို့လို လူတွေကို ပြည်သူက ရွေးချယ်ပုံကိုကြည့်ပြီး မြန်မာပြည်သူတွေဟာ ခေတ်အဆက်ဆက် ပညာတတ်ကို တန်ဖိုးမထားဘူးလို့ ကောက်ချက်ချသေးတာ။  ဒေါက်တာဘမော်တို့၊ အင်ဒိုနီးရှား စီးပွားရေးပြုပြင်ပြောင်းလဲမှု ဘာကလေ

စစ်မှုထမ်း ဋီကာ - ညိုထွန်း

Image
  သမိုင်းဝင် ရဲဘော်သုံးကျိပ်ဘဝကနေ ခေတ်အဆက်ဆက်ဂုဏ်တင့်ခဲ့တဲ့ မြန်မာ့တပ်မတော်ဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက်မှာတော့ အဆိုးရွားဆုံး နာမည်ပျက်မှုတွေနဲ့ ကြုံတွေ့နေခဲ့ရပါပြီ။  အထူးသဖြင့် လွတ်လပ်ရေးရပြီးနောက်ပိုင်း သမိုင်းမှာ နာမည်ကြီးခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ဗုံးဗုံးလဲသွားအောင်၊ ကျူးကျော်တဲ့ တရုတ်ဖြူ ကူမင်တန်တွေ ထွက်ပြေးအောင်၊ ၁၉၅၀ ဝန်းကျင်မှာ ရန်ကုန်အစိုးရဘဝကနေ လွတ်မြောက်အောင် တိုက်ရည်ခိုက်ရည်ကောင်းလှတဲ့ မြန်မာ့တပ်မတော်အဆင့်အတန်းမျိုး မဟုတ်တော့ဘူးဆိုတာ နိုင်ငံတကာအကဲခတ်တွေကြားမှာ ပိုပြီးထင်ရှားလာခဲ့ပါတယ်။  အဲဒီလို ၂၀၂၁ တော်လှန်စစ်မှာ အလဲလဲအပြိုပြိုနဲ့ အခြေမလှခဲ့တဲ့နောက် စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထုတ်သုံးစွဲလာတဲ့မူဝါဒက အရပ်သားပြည်သူတွေကို စစ်မှုထမ်းခိုင်းလိုက်တာပဲ ဖြစ်ပါတယ်။  ဒီတော့ စစ်မှုထမ်းဥပဒေ ဒါမှမဟုတ် စစ်မှုထမ်းဋီကာအကြောင်း နည်းနည်းလောက်ပြောကြည့်ရအောင်ပါ။  လွတ်လပ်ရေးကြိုးပမ်းမှုကာလမှာ ထင်ရှားပြီး လွတ်လပ်ရေးတပ်ဦးအဖွဲ့ချုပ်ကြီးလို့ခေါ်ဆိုကြတဲ့ ဖဆပလအဖွဲ့ချုပ်ကြီးဟာ ၁၉၅၈ မှာ နု-တင် (သန့်ရှင်းဖဆပလ) နဲ့ ဆွေငြိမ်း (တည်မြဲဖဆပလ) ဆိုပြီး နှစ်ခြမ်းကွဲသ

နှစ် ၆၀ ၊ ခေါင်းဆောင် ၃ ဦးနဲ့ စင်ကာပူအိပ်မက်ထုဆစ်သူများ

Image
                                           စင်ကာပူ Founding Father သံမဏိ လီကွမ်ယု။  ၂၀၂၄ ခုနှစ်၊ မေလ ၁၅ ရက်မှာ စင်ကာပူရဲ့ တတိယမြောက် ဝန်ကြီးချုပ် လီရှန်လွန်းတစ်ယောက် ဝန်ကြီးချုပ်ရာထူးကနေ လိုလိုချင်ချင်ပဲ စွန့်ခွာသွားပါတယ်။ လိုလိုချင်ချင်စွန့်တယ်ပြောတာ အကြောင်းရှိပါတယ်။ သူ့ကို ဘယ်သူ့ကမှ အတင်းအကြပ် အာဏာစွန့်ဖို့ တောင်းဆိုမနေကြလို့ပါ။ သူက သူရဲ့ ဘဏ္ဍာရေးဝန်ကြီး မစ္စတာ လော့ရင့် ဝမ်ကို ဝန်ကြီးချုပ်အဖြစ် ဆက်ခံစေပါတယ်။ ဒီတော့ မေးခွန်းက ကျွန်တော်တို့ အိမ်နီးချင်းရဲ့ စင်ကာပူအကြောင်းကို ကျွန်တော်တို့က ဘာလို့ တခုတ်တရပြောနေရတာပါလဲ။   ဘာကြောင့်လဲဆိုတော့ အတိတ်တစ်ချိန်တုန်းက ကျွန်တော်တို့ကို စင်ကာပူက အားကျခဲ့သလို ကျွန်တော်တို့ကလည်း မကြာသေးတဲ့ နှစ်တွေကပဲ စင်ကာပူကို ကျော်မယ်လို့ ပြောခဲ့ကြတာမလား။ ဒီတော့ စင်ကာပူရဲ့ ခမ်းနားတဲ့ပုံပြင်ကို ကျွန်တော်တို့ နားထောင်ကြည့်ရအောင်ပါ။  ဒီလိုပြောလို့ စင်ကာပူရဲ့ ပုဂ္ဂိုလ်ရေး အမွှမ်းတင်မှုတွေကို ပြောနေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ Stateman လို့ဆိုကြတဲ့ ၊ ကျွန်တော်တို့ကိုယ်တိုင် လိုချင်တဲ့ တိုင်းပြုပြည်ပြုပုဂ္ဂိုလ်တွေ၊ နိုင်ငံပြုသုခမိန်တွေ အကြောင်းကတော့ ရှောင်လွှဲလို့မရဘူး။  ဘာ

မြန်မာပြည် လွတ်လပ်ပြီလား (ခေတ်အလင်း)

Image
  မြန်မာပြည် လွတ်လပ်ပြီလား ညိုထွန်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ လွတ်လပ်ရေးရသည်မှာ ၇၅ နှစ်ရှိခဲ့ပါပြီ။ သို့သော်လည်း ဋီကာမချဲ့ တိုက်ရိုက်မေးချင်သည်မှာ မြန်မာပြည် လွတ်လပ်ပြီလားဟူ၍ဖြစ်သည်။ အဘယ်နည်း။ လွတ်လပ်ရေးရသည်မှာ ၇၅ နှစ် ရှိပြီဆိုဟု ဆိုပြီး လွတ်လပ်ပြီလားဟု အဘယ့်ကြောင့် မေးသနည်း။ ရှေ့စကားနှင့် နောက်စကား ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပေသလော။ မဟုတ်ပါ။ အကြောင်းမှာ မြန်မာပြည်သည် အင်္ဂလိပ်လက်အောက် သူ့ကျွန်ဘဝက လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။ ဆင်းရဲတွင်းနွံမှ မလွတ်မြောက်သေး။ တန်းတူရည်တူမရှိမှုများ၊ မညီမျှမှုများကနေ မလွတ်မြောက်သေးပါ။ အတွေးအခေါ်အားဖြင့်လည်း မလွတ်မြောက်သေး။ တိတိပပဆိုရလျှင် စစ်ကျွန်ဘဝကမူ မလွတ်မြောက်သေးဟုသာ ဆိုချင်သည်။ အတိတ်နှစ်များ တို့ဗမာအစည်းအရုံးမှသည် ရဲဘော်သုံးကျိပ်၊ ထိုမှသည် ဖဆပလအဖွဲ့ချုပ်ကြီးအထိ မြန်မာလွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းက ရှည်ကြာခဲ့ပါသည်။ အဆုံးတွင်တော့ အင်္ဂလိပ်က လွတ်လပ်ရေးပေးမည်ဟု တရားဝင်ကြေညာခဲ့သည်။ ဗိုလ်ချုပ်တို့ အင်္ဂလန်တွင် သွားရောက်ဆွေးနွေးခဲ့သည်။ အောင်ဆန်း - အက်တလီစာချုပ်ဖြစ်လာသည်။ ထို့နောက် တိုင်းရင်းသားများနှင့်ချုပ်ဆိုသည့် ပင်လုံစာချုပ်ဖြစ်လာသည်။