Posts

Showing posts with the label Business

ကျားဖြန့်အကြောင်း လွယ်ကူရိုးရှင်းစွာ နားလည်ခြင်း

Image
ကျားဖြန့်ဆိုတာ ဘာလဲ။ ကျားဖြန့် ဘာတွေလုပ်လဲ။ ကျားဖြန့်က လူငယ်တွေနဲ့ ဘယ်လိုပတ်သက်လဲ ဒီလိုမေးခွန်းပေါင်းများစွာအတွက် ဒီဆောင်းပါးက အဖြေဖြစ်ပါလိမ့်မယ်။ ရှုပ်ထွေးပွေလီလှတဲ့ ကျားဖြန့်လုပ်ငန်းစဉ်ကို တစ်ဆင့်ချင်း အထုပ်ဖြည်ပြမှာဖြစ်သလို ဘယ်လိုရှောင်ရှားနိုင်မလဲဆိုတာကိုပါ ရှင်းပြသွားမှာပါ။ ကျားဖြန့်ဆိုတာ ဘာလဲ ကျားဖြန့်ဆိုတာ 诈骗 (Zhàpiàn) ဆိုတဲ့ တရုတ်စကားလုံး တစ်ခုပါ။ ပြီးတော့ တရုတ်အသံထွက်အနေနဲ့ ကျားဖြန့်လို့ ခေါ်ကြတာပါ။ လိမ်ညာခြင်း၊ ငွေကြေးလိမ်ညာခြင်းဆိုပြီး အဓိပ္ပါယ်ရပါတယ်။ အရှေ့တောင်အာရှနဲ့နိုင်ငံတော်တော်များများမှာတော့ ကျားဖြန့်ဆိုတာကို အင်တာနက်ပေါ်ကနေ ငွေကြေးလိမ်လည်မှုဆိုပြီး သဘောပေါက်ထားကြပါတယ်။ ကျားဖြန့်ကို ဘယ်သူစလဲ ကျားဖြန့်ဆိုတာ တရုတ်စကားလုံး၊ တရုတ်စာဖြစ်ကြောင်း ပြောခဲ့ပြီးပါပြီ။ ဒါကြောင့် ကျားဖြန့် လိမ်လည်တဲ့လုပ်ငန်းရဲ့အစဟာ တရုတ်တွေပဲဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ နည်းပညာထိပ်တန်း ရောက်လာပြီးတဲ့နောက် တစ်ကမ္ဘာလုံးမှာ ကျားဖြန့်လုပ်ငန်းဟာ ကြီးထွားလာတာဖြစ်ပါတယ်။ ဘယ်သူတွေက ကျားဖြန့်ရဲ့ အဓိကပစ်မှတ်လဲ ကျားဖြန့်ရဲ့ အဓိကပစ်မှတ်ကတော့ ခြုံပြောရရင် ငွေကြေးချမ်းသာတဲ့ အနောက်နိုင်ငံကလူတွေပဲ ဖြစ်ပါတယ်။  အမေရိက

မြန်မာပြည်အမိန့်ပေးစီးပွား အသက်ဝင်ပြီလား

Image
၂၀၂၁ နောက်ပိုင်း နှစ်တွေမှာ မြန်မာပြည်ရဲ့စီးပွားရေးပုံစံက ပြောင်းသွားတယ်လို့ ပြောရမယ်။ ဘာတွေဘယ်လိုပြောင်းသွားလဲဆိုရင် အရင်က ပုံစံတကျမဟုတ်တောင် သူ့နည်းနဲ့သူ လည်ပတ်နေတဲ့ ဈေးကွက်စီးပွားရေးစနစ်ကြီးနေရာမှာ စီးပွားရေးပုံစံတစ်မျိုးက အစားဝင်လာတာကို တွေ့နေရပါတယ်။  အဲဒါက အရာရာကို အစိုးရက ချုပ်ကိုင်ချင်တဲ့၊ ဗဟိုချုပ်ကိုင်မှုများတဲ့၊ အမိန့်ပေးစွက်ဖက်တဲ့ စီးပွားရေးပုံစံပါ။  အဲဒါကို မျက်စိထဲပေါ်လွင်၊ နားထဲစွဲအောင်ပြောရရင် အမိန့်ပေးစီးပွားရေးစနစ်လို့ပဲ ပြောကြပါစို့။  အဲဒီအမိန့်ပေးစီးပွားရေးပုံစံကြီးက ဘယ်ကနေ ဘယ်လိုစလဲဆိုရင် အထွေထွေကုန်ဈေးနှုန်းကြီးမြင့်မှုက စတယ်။ ဒါဖြင့် ကုန်ဈေးနှုန်းကြီးတာကရော ဘယ်ကစလဲ။ ဒါတော့ နိုင်ငံရေးအခြေအနေမကောင်းတာ၊ တည်ငြိမ်မှုကင်းမဲ့တာကနေ စတယ်လို့ပဲပြောရမယ် ။  ဒီတော့ နိုင်ငံရေးကို ခဏထားပြီး အမိန့်ပေးစီးပွားရေးဆိုတာကိုပဲ ကြည့်လိုက်ရအောင်ပါ။  ၂၀၂၁ နောက်ပိုင်းမှာ အထွေထွေကုန်ဈေးနှုန်းက အတော်ကို တက်လာပါတယ်။ ဥပမာ ပြောပြပါမယ်။ ၂၀၂၁ မတိုင်ခင်က ၅၀,၀၀၀ တန် ဆန်အိတ်က အခုတော့ ၁၆၀,၀၀၀ ဖြစ်နေပါပြီ။  အရင်က ဆီတစ်ပိဿ ၂၀၀၀ က အခုဆို အကန့်အသတ်နဲ့ရောင်းပေးတာကို စီတန်းပြီး ဝယ်ရင်တောင် တစ်ပိဿ ၅၅၀၀ ၊ အပ

ကမ္ဘာသိ မြန်မာဘောဂဗေဒပညာရှင် သို့မဟုတ် ဒေါက်တာလှမြင့်

Image
မြန်မာပြည် ဘောဂဗေဒသမိုင်းမှာ ကမ္ဘာသိထင်ရှားတဲ့ ပညာရှင်တစ်ဦးကို ပြပါဆိုရင် ဒေါက်တာလှမြင့်ကို လက်ညှိုးညွှန်ရပါလိမ့်မယ်။ တိုင်းပြည်ကနေ သူထွက်သွားတော့ သူ့အသက် ၄၁ ၊ အသက် ၉၂ ကျမှ မြန်မာပြည်ကို ပြန်ရောက်လာခဲ့တယ်။ နှစ်ပေါင်း ၅၀ ကျော် ပြည်ပမှာပဲ  ဆရာကြီးနေခဲ့တာ ဘာကြောင့်များလဲ။ ဆရာကြီးဒေါက်တာလှမြင့်အကြောင်းက သိမှီလိုက်သူတွေ၊ စိတ်ဝင်စားသူတွေအတွက် ကြားဖူးနေကြဖြစ်ပေမဲ့ ဒီနေ့လူငယ်တွေအတွက်တော့ နားနဲ့စိမ်းနေဦးမှာပါ။ ဒီတော့ ကျွန်တော်တို့က ကမ္ဘာသိ မြန်မာ ဘောဂဗေဒပညာရှင် ဒေါက်တာလှမြင့် အကြောင်း မိတ်ဆက်တင်ပြလိုက်ပါတယ်။ ဒီစာစုကတော့ ဆရာကြီးအကြောင်း မိတ်ဆက်ဖြစ်လို့ သူ့ရဲ့ပညာရပ်ဆိုင်ရာ ဆောင်ရွက်ချက်တွေကိုတော့ ဖော်ပြမှာ မဟုတ်သလို အဲဒီလိုဖော်ပြနိုင်ဖို့ကလည်း မလွယ်ကူဘူးဆိုတာကိုတော့ ဝန်ခံရပါလိမ့်မယ်။ ဆရာကြီးဒေါက်တာလှမြင့်ကို ဧရာဝတီတိုင်း ပုသိမ်မှာ၊ ၁၉၂၀ မှာမွေးပါတယ်။ အသက် ၁၄ နှစ် ၁၉၃၄ ကျ ရန်ကုန်တက္ကသိုလ်ရောက်ပါတယ်။ အဲဒီတုန်းက ရန်ကုန်တက္ကသိုလ်က အသက် ၁၅ နှစ်ရောက်မှ ပညာသင်နိုင်တာဖြစ်ပေမဲ့ ဆရာကြီးကတော့ သူ့ရဲ့ထူးချွန်မှုကြောင့် အသက် ၁၄ နှစ်နဲ့ပဲ ပညာသင်ခွင့်ရခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်မှာ ဘောဂဗေဒပညာရှင် ဟာရိုဘာနာဒယ်လီရဲ

အကျပ်အတည်းကာလ ဘာစီးပွားရေးလုပ်ကြမလဲ - ညိုထွန်း

Image
 ကမ္ဘာကြီးကတော့ စီးပွားပျက်ကပ် ဆိုက်ရောက်တော့မလားဆိုပြီး ကြိုတင်ပူပန်နေရပါပြီ။  ရုရှား-ယူကရိန်း ကျူးကျော်စစ်ဒဏ်ကြောင့် ရုရှားပြည်သူတွေ ဒေဝါလီခံကြလွန်းလို့ ကြွေးရှင်တွေလည်း ကြွေးမရမှာကိုတွေးပြီး ပူတင်ကို ပြောရပါတော့တယ်။ ဒီလိုနဲ့ ရုရှားမှာဆို အခုနှစ် ဧပြီလကနေ အောက်တိုဘာလကုန်အထိတော့ ဒေဝါလီခံတာကို တားမြစ်မိန့်ထုတ်ထားရပါတယ်။  ဒီလိုပဲ ရုရှား-ယူကရိန်းစစ်ကြောင့် အီးယူကလည်း အတော်ပဲ အခက်တွေ့နေရတာပါ။ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်ဆို သူ့ပြည်သူတွေကို လျှပ်စစ်မီးကိစ္စတောင့်ခံကြဖို့ ကြိုမှာထားရပါတယ်။ တဖက်မှာလည်း အမေရိကန် ဗဟိုဘဏ်အတိုးနှုန်းလျှော့ချလိုက်တာကလည်း လူပြောစရာဖြစ်နေသလို အိမ်နီးချင်း သီရိလင်္ကာကတော့ ကြေးနွံနစ်၊ စီးပွားပျက်ပြီး သမ္မတတောင် ထွက်ပြေးသွားရတာပါ။  မြန်မာ့စီးပွားရေးကိုကြည့်တော့လည်း ပြီးခဲ့တဲ့ ၂၀၂၁ မှာ စီးပွားရေးက ၁၈ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ အခုနှစ်မှာ ၃ ရာခိုင်နှုန်းလောက် ပြန်တက်မယ်လို့ ကမ္ဘာ့ဘဏ်ကဆိုပါတယ်။  ကမ္ဘာ့ဘဏ်ရဲ့ကိန်းဂဏန်းတွေက မျက်စိရှုပ်ဖို့ကောင်းသလို သာမန်နိစ္စဓူဝလှုပ်ရှားရုန်းကန်နေရတဲ့ ပြည်သူတွေအတွက်လည်း နားလည်ဖို့ခက်ပါတယ်။ ဒါပေမယ့် ကမ္ဘာဘဏ်ပြောတာကို အနှစ်ချုပ်ရင် မြ

၂၀၂၃ စီးပွားရေးပိတ်ဆို့မှုကြား အကြပ်ရိုက်ခဲ့တဲ့ စစ်ကောင်စီ

Image
၂၀၂၃ ခုနှစ်လည်း ကုန်ပါတော့မယ်။ စစ်ကောင်စီ အာဏာသိမ်းထားတာကလည်း ၃ နှစ်ပြည့်ဖို့ လပိုင်းပဲ လိုပါတော့တယ်။ ဒါပေမယ့် ၂၀၂၃ ခုနှစ်ကတော့ စစ်ကောင်စီအတွက် ကသောင်းကနင်း စီးပွားရေးနှစ်တစ်ခုကို ဖြတ်ကျော်ခဲ့ရတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကြောင့်ပါ။ ဒီစီးပွားရေး ပိတ်ဆို့မှုတွေကြောင့် စစ်ကောင်စီဟာ ပြည်တွင်းမှာ အတော်ပဲ အကျပ်ရိုက်ခဲ့သလို သူတို့ရဲ့ စွမ်းဆောင်ရည်ကိုလည်း မေးခွန်းထုတ်စရာ အခြေအနေတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။   စစ်ကောင်စီအတွက် ၂၀၂၃ ခုနှစ်မှာ ကြီးကြီးကျယ်ကျယ်ထိခိုက်ခံစားခဲ့ရတဲ့ကိစ္စကတော့ နိုင်ငံပိုင်ဘဏ် ၂ ခု ဖြစ်တဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် MICB တို့ကို အမေရိကန်အစိုးရက ဇွန်လ ၂၁ ရက်မှာ ပိတ်ဆို့အရေးယူခဲ့တဲ့ကိစ္စ ဖြစ်ပါတယ်။ စတင်အသက်ဝင် တာကတော့ ဩဂုတ်လ ၅ ရက်နေ့ဖြစ်ပါတယ်။ ဒီကိစ္စဟာ အရင်ကတည်းက နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး ၊ သံတမန်ရေး အစရှိတဲ့ ဘက်ပေါင်းစုံက ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီအတွက် မြွေပူရာ ကင်းမှောင့်ဖြစ်ခဲ့ရပါတယ်။ အထူးသဖြင့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB နဲ့ မြန်မာ့ရင

စစ်ခေါင်းဆောင်၏ အညံ့စားစီမံခန့်ခွဲမှုနှင့် အဆိုးကျော့ စီးပွားရေးမူဝါဒ - ညိုထွန်း

Image
အာဏာသိမ်းခံလိုက်ရပြီးသည့်နောက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ထင်ကြေးပေးပြောဆိုမှု အမျိုးမျိုးကို ကြားသိခဲ့ရပြီးဖြစ်သည်။  အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး အဓိကကျသည့်နှစ်ချက်ကို ထုတ်နုတ်ရလျှင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သမ္မတအိပ်မက်ဖြစ်မြောက်ရေးနှင့် နိုင်ငံ့စီးပွား ကိုယ့်စီးပွားလုပ်ကာ မောင်ပိုင်စီးချင်သည့် နှစ်ချက်ကို အထင်အရှားတွေ့နေရသည်။  ယခုဆောင်းပါးတွင် အထွေထွေကုန်ဈေးနှုန်းကြောင့် ပြည်သူများကြပ်တည်းလာမှုနှင့် စစ်ခေါင်းဆောင်၏ အကျိုးစီးပွားအကြောင်းကို ဖော်ပြမည်ဖြစ်သည်။  အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြည်သူလူထု၏ နိစ္စဓူဝ စားဝတ်နေရေးမှာ ခက်ခဲလာသည်။ အကြောင်းရင်းကို စစ်ထုတ်လျှင် အထွေထွေကုန်ဈေးနှုန်းကြီးမြင့်လာသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဆန်းစစ်ကြည့်ပါမည်။ အထွေထွေကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ပြည်သူ့ဒုက္ခ ၂၁၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ နောက်ပိုင်းမှစ၍ အထွေထွေကုန်ဈေနှုန်းမှာ မြင့်တက်လာသည်။ ဥပမာဆိုရလျှင် အာဏာမသိမ်းခင် ဇန်နဝါရီလကုန်က လူလတ်တန်းစားအများစုစားသုံးသည့် ဆန်တစ်အိတ်လျှင် ပျမ်းမျှ ကျပ် ၅၀,၀၀၀ ကျပ်ဝန်းကျင်သာရှိသည်။ ယခုမူ ဆန်တစ်အိတ်လျှင် ၆

နှစ် ၆၀ ၊ ခေါင်းဆောင် ၃ ဦးနဲ့ စင်ကာပူအိပ်မက်ထုဆစ်သူများ

Image
                                           စင်ကာပူ Founding Father သံမဏိ လီကွမ်ယု။  ၂၀၂၄ ခုနှစ်၊ မေလ ၁၅ ရက်မှာ စင်ကာပူရဲ့ တတိယမြောက် ဝန်ကြီးချုပ် လီရှန်လွန်းတစ်ယောက် ဝန်ကြီးချုပ်ရာထူးကနေ လိုလိုချင်ချင်ပဲ စွန့်ခွာသွားပါတယ်။ လိုလိုချင်ချင်စွန့်တယ်ပြောတာ အကြောင်းရှိပါတယ်။ သူ့ကို ဘယ်သူ့ကမှ အတင်းအကြပ် အာဏာစွန့်ဖို့ တောင်းဆိုမနေကြလို့ပါ။ သူက သူရဲ့ ဘဏ္ဍာရေးဝန်ကြီး မစ္စတာ လော့ရင့် ဝမ်ကို ဝန်ကြီးချုပ်အဖြစ် ဆက်ခံစေပါတယ်။ ဒီတော့ မေးခွန်းက ကျွန်တော်တို့ အိမ်နီးချင်းရဲ့ စင်ကာပူအကြောင်းကို ကျွန်တော်တို့က ဘာလို့ တခုတ်တရပြောနေရတာပါလဲ။   ဘာကြောင့်လဲဆိုတော့ အတိတ်တစ်ချိန်တုန်းက ကျွန်တော်တို့ကို စင်ကာပူက အားကျခဲ့သလို ကျွန်တော်တို့ကလည်း မကြာသေးတဲ့ နှစ်တွေကပဲ စင်ကာပူကို ကျော်မယ်လို့ ပြောခဲ့ကြတာမလား။ ဒီတော့ စင်ကာပူရဲ့ ခမ်းနားတဲ့ပုံပြင်ကို ကျွန်တော်တို့ နားထောင်ကြည့်ရအောင်ပါ။  ဒီလိုပြောလို့ စင်ကာပူရဲ့ ပုဂ္ဂိုလ်ရေး အမွှမ်းတင်မှုတွေကို ပြောနေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ Stateman လို့ဆိုကြတဲ့ ၊ ကျွန်တော်တို့ကိုယ်တိုင် လိုချင်တဲ့ တိုင်းပြုပြည်ပြုပုဂ္ဂိုလ်တွေ၊ နိုင်ငံပြုသုခမိန်တွေ အကြောင်းကတော့ ရှောင်လွှဲလို့မရဘူး။  ဘာ