Posts

Showing posts from July, 2024

တက္ကသိုလ်မှာ မြန်မာစာသင်ကြားရေး ဘယ်လိုအစပြုခဲ့လဲ

Image
မြန်မာနိုင်ငံမှာနေ မြန်မာလူမျိုးဖြစ်လို့ နေ့တိုင်းတော့ မြန်မာစကားကိုပြော၊ မြန်မာစာကို ဖတ်နေကြရတာပါပဲ။ ပြည်တွင်းကပုဂ္ဂလိက ကျောင်းတွေနဲ့ နိုင်ငံတကာကျောင်း (International School) တွေမှာ မြန်မာစာ ဘာသာရပ်ဟာ တိုင်းခြားဘာသာရပ်တစ်ခုလို ဖြစ်လာနေပါတယ်။ အကြောင်းကတော့ အဲဒီကျောင်းတွေမှာ ကျောင်းသား၊ ကျောင်းသူတွေဟာ အဆင့်မြင့်တဲ့ ပညာရေးကို ရယူနေကြပေမဲ့ မြန်မာစာအတွက် ပြင်ပမှာ ဆရားငှားပြီး သီးခြားထပ်မံသင်ယူနေရတာကြောင့်ဖြစ်ပါတယ်။  ပြည်တွင်းမှာရှိတဲ့ နိုင်ငံတကာကျောင်းတချို့ဆိုရင်လည်း သူတို့ကျောင်းတွေမှာ မြန်မာစာဘာသာရပ်ကို သင်ကြားပေးတာ မရှိတော့ပါဘူး။ မြန်မာစာအပေါ်  ကျောင်းသားကျောင်းသူတွေ စိတ်ဝင်စားမှုနဲ့ တန်ဖိုးထားမှု လျော့နည်း လာတာဟာ မြန်မာစာအနာဂတ်အတွက် စိုးရိမ်ဖွယ်ရာဖြစ်ပါတယ်။  လူမျိုးတစ်မျိုးရဲ့ ဘာသာစကားဟာ အဲဒီလူမျိုးရဲ့ ယဉ်ကျေးမှုအဆင့်အတန်းလို့ ပြောစမှတ်ရှိကြပါတယ်။ ရေနဲ့ကြာလို စာပေမြင့်မှ ယဉ်ကျေးမှုလည်း တင့်ပါလိမ့်မယ်။  လူငယ်တို့အတွက် ခေတ်ကြီးက  တိုးတက်တဲ့အမြင်နဲ့ တိုးတက်တဲ့ အယူအဆကို တောင်းဆိုနေပါတယ်။ အဲဒီလို တိုးတက်တဲ့အမြင်၊  တိုးတက်တဲ့အယူအဆကို သဘောတူလက်ခံကျင့်သုံးနိုင်သလို ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျို

ဒေါက်တာဘမော်နှင့် ပညာတတ်နိုင်ငံရေး (စိတ်ကူးရနံ့)

Image
ဗိုလ်ချုပ်တို့ လုပ်ကြံခံရပြီး နောက်တစ်ရက် လန်ဒန်တိုင်းမ်သတင်းစာကို ဒေါက်တာဘမော်က ပြောတယ်။ "မြန်မာလူငယ်တွေ လက်နက်ကို စွဲလမ်းသွားပြီ။ အနာဂတ်နိုင်ငံရေးကို လက်နက်တွေနဲ့ ဆုံးဖြတ်ကြတော့မယ်"(အတိအကျမဟုတ်) ဆရာကျော်ဝင်းစာအုပ်ထဲမှာလည်း ပါတယ်။ တခြားစာအုပ်တွေထဲမှာလည်း အဲဒါပါတယ်။ ငယ်ငယ်က အဲဒါဖတ်ရတော့ ဒီလူကြီးပြောတာ အဟုတ်ထင်တာ။ လူငယ်တွေ အတော်ဆိုးတာဆိုပြီးလည်း အထင်ရောက်ခဲ့မိပါတယ်။ ဒေါက်တာဘမော်ဆိုတာ အင်္ဂလိပ်ခေတ်နဲ့ ဂျပန်ခေတ်မှာ ထိပ်သီးပညာတတ်လို့ပြောရမယ်။ ဟိုဘက်ကအခန်းကနေ သူနဲ့ တခြားတစ်ယောက်(နာမည်မမှတ်မိ) စကားပြောနေရင် ဒီဘက်ကနေကြားရတဲ့လူက သူတို့ကို ဘိုတွေလို့ကို ထင်တာတဲ့...သခင်ကိုယ်တော်မှိုင်းက အဲဒီလိုပြောတယ်ဆိုလားပဲ။  အခုခေတ်အထိလည်း ဒေါက်တာဘမော်ရဲ့မျိုးဆက်တွေဟာ တကယ့်ပညာတတ်တွေပါ။ ပြောချင်တာက  သက်ကြီး ပညာတတ်တွေဟာ ဒေါက်တာ ဘမော်ကို အတော်လေးအထင်ကြီးကြတာ။ ဒေါက်တာဘမော်တို့လို ပညာတတ်တွေရှိပါလျက်နဲ့ ဗိုလ်ချုပ်တို့လို လူတွေကို ပြည်သူက ရွေးချယ်ပုံကိုကြည့်ပြီး မြန်မာပြည်သူတွေဟာ ခေတ်အဆက်ဆက် ပညာတတ်ကို တန်ဖိုးမထားဘူးလို့ ကောက်ချက်ချသေးတာ။  ဒေါက်တာဘမော်တို့၊ အင်ဒိုနီးရှား စီးပွားရေးပြုပြင်ပြောင်းလဲမှု ဘာကလေ

ကျားဖြန့်အကြောင်း လွယ်ကူရိုးရှင်းစွာ နားလည်ခြင်း

Image
ကျားဖြန့်ဆိုတာ ဘာလဲ။ ကျားဖြန့် ဘာတွေလုပ်လဲ။ ကျားဖြန့်က လူငယ်တွေနဲ့ ဘယ်လိုပတ်သက်လဲ ဒီလိုမေးခွန်းပေါင်းများစွာအတွက် ဒီဆောင်းပါးက အဖြေဖြစ်ပါလိမ့်မယ်။ ရှုပ်ထွေးပွေလီလှတဲ့ ကျားဖြန့်လုပ်ငန်းစဉ်ကို တစ်ဆင့်ချင်း အထုပ်ဖြည်ပြမှာဖြစ်သလို ဘယ်လိုရှောင်ရှားနိုင်မလဲဆိုတာကိုပါ ရှင်းပြသွားမှာပါ။ ကျားဖြန့်ဆိုတာ ဘာလဲ ကျားဖြန့်ဆိုတာ 诈骗 (Zhàpiàn) ဆိုတဲ့ တရုတ်စကားလုံး တစ်ခုပါ။ ပြီးတော့ တရုတ်အသံထွက်အနေနဲ့ ကျားဖြန့်လို့ ခေါ်ကြတာပါ။ လိမ်ညာခြင်း၊ ငွေကြေးလိမ်ညာခြင်းဆိုပြီး အဓိပ္ပါယ်ရပါတယ်။ အရှေ့တောင်အာရှနဲ့နိုင်ငံတော်တော်များများမှာတော့ ကျားဖြန့်ဆိုတာကို အင်တာနက်ပေါ်ကနေ ငွေကြေးလိမ်လည်မှုဆိုပြီး သဘောပေါက်ထားကြပါတယ်။ ကျားဖြန့်ကို ဘယ်သူစလဲ ကျားဖြန့်ဆိုတာ တရုတ်စကားလုံး၊ တရုတ်စာဖြစ်ကြောင်း ပြောခဲ့ပြီးပါပြီ။ ဒါကြောင့် ကျားဖြန့် လိမ်လည်တဲ့လုပ်ငန်းရဲ့အစဟာ တရုတ်တွေပဲဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ နည်းပညာထိပ်တန်း ရောက်လာပြီးတဲ့နောက် တစ်ကမ္ဘာလုံးမှာ ကျားဖြန့်လုပ်ငန်းဟာ ကြီးထွားလာတာဖြစ်ပါတယ်။ ဘယ်သူတွေက ကျားဖြန့်ရဲ့ အဓိကပစ်မှတ်လဲ ကျားဖြန့်ရဲ့ အဓိကပစ်မှတ်ကတော့ ခြုံပြောရရင် ငွေကြေးချမ်းသာတဲ့ အနောက်နိုင်ငံကလူတွေပဲ ဖြစ်ပါတယ်။  အမေရိက

မြန်မာပြည်အမိန့်ပေးစီးပွား အသက်ဝင်ပြီလား

Image
၂၀၂၁ နောက်ပိုင်း နှစ်တွေမှာ မြန်မာပြည်ရဲ့စီးပွားရေးပုံစံက ပြောင်းသွားတယ်လို့ ပြောရမယ်။ ဘာတွေဘယ်လိုပြောင်းသွားလဲဆိုရင် အရင်က ပုံစံတကျမဟုတ်တောင် သူ့နည်းနဲ့သူ လည်ပတ်နေတဲ့ ဈေးကွက်စီးပွားရေးစနစ်ကြီးနေရာမှာ စီးပွားရေးပုံစံတစ်မျိုးက အစားဝင်လာတာကို တွေ့နေရပါတယ်။  အဲဒါက အရာရာကို အစိုးရက ချုပ်ကိုင်ချင်တဲ့၊ ဗဟိုချုပ်ကိုင်မှုများတဲ့၊ အမိန့်ပေးစွက်ဖက်တဲ့ စီးပွားရေးပုံစံပါ။  အဲဒါကို မျက်စိထဲပေါ်လွင်၊ နားထဲစွဲအောင်ပြောရရင် အမိန့်ပေးစီးပွားရေးစနစ်လို့ပဲ ပြောကြပါစို့။  အဲဒီအမိန့်ပေးစီးပွားရေးပုံစံကြီးက ဘယ်ကနေ ဘယ်လိုစလဲဆိုရင် အထွေထွေကုန်ဈေးနှုန်းကြီးမြင့်မှုက စတယ်။ ဒါဖြင့် ကုန်ဈေးနှုန်းကြီးတာကရော ဘယ်ကစလဲ။ ဒါတော့ နိုင်ငံရေးအခြေအနေမကောင်းတာ၊ တည်ငြိမ်မှုကင်းမဲ့တာကနေ စတယ်လို့ပဲပြောရမယ် ။  ဒီတော့ နိုင်ငံရေးကို ခဏထားပြီး အမိန့်ပေးစီးပွားရေးဆိုတာကိုပဲ ကြည့်လိုက်ရအောင်ပါ။  ၂၀၂၁ နောက်ပိုင်းမှာ အထွေထွေကုန်ဈေးနှုန်းက အတော်ကို တက်လာပါတယ်။ ဥပမာ ပြောပြပါမယ်။ ၂၀၂၁ မတိုင်ခင်က ၅၀,၀၀၀ တန် ဆန်အိတ်က အခုတော့ ၁၆၀,၀၀၀ ဖြစ်နေပါပြီ။  အရင်က ဆီတစ်ပိဿ ၂၀၀၀ က အခုဆို အကန့်အသတ်နဲ့ရောင်းပေးတာကို စီတန်းပြီး ဝယ်ရင်တောင် တစ်ပိဿ ၅၅၀၀ ၊ အပ

ကမ္ဘာသိ မြန်မာဘောဂဗေဒပညာရှင် သို့မဟုတ် ဒေါက်တာလှမြင့်

Image
မြန်မာပြည် ဘောဂဗေဒသမိုင်းမှာ ကမ္ဘာသိထင်ရှားတဲ့ ပညာရှင်တစ်ဦးကို ပြပါဆိုရင် ဒေါက်တာလှမြင့်ကို လက်ညှိုးညွှန်ရပါလိမ့်မယ်။ တိုင်းပြည်ကနေ သူထွက်သွားတော့ သူ့အသက် ၄၁ ၊ အသက် ၉၂ ကျမှ မြန်မာပြည်ကို ပြန်ရောက်လာခဲ့တယ်။ နှစ်ပေါင်း ၅၀ ကျော် ပြည်ပမှာပဲ  ဆရာကြီးနေခဲ့တာ ဘာကြောင့်များလဲ။ ဆရာကြီးဒေါက်တာလှမြင့်အကြောင်းက သိမှီလိုက်သူတွေ၊ စိတ်ဝင်စားသူတွေအတွက် ကြားဖူးနေကြဖြစ်ပေမဲ့ ဒီနေ့လူငယ်တွေအတွက်တော့ နားနဲ့စိမ်းနေဦးမှာပါ။ ဒီတော့ ကျွန်တော်တို့က ကမ္ဘာသိ မြန်မာ ဘောဂဗေဒပညာရှင် ဒေါက်တာလှမြင့် အကြောင်း မိတ်ဆက်တင်ပြလိုက်ပါတယ်။ ဒီစာစုကတော့ ဆရာကြီးအကြောင်း မိတ်ဆက်ဖြစ်လို့ သူ့ရဲ့ပညာရပ်ဆိုင်ရာ ဆောင်ရွက်ချက်တွေကိုတော့ ဖော်ပြမှာ မဟုတ်သလို အဲဒီလိုဖော်ပြနိုင်ဖို့ကလည်း မလွယ်ကူဘူးဆိုတာကိုတော့ ဝန်ခံရပါလိမ့်မယ်။ ဆရာကြီးဒေါက်တာလှမြင့်ကို ဧရာဝတီတိုင်း ပုသိမ်မှာ၊ ၁၉၂၀ မှာမွေးပါတယ်။ အသက် ၁၄ နှစ် ၁၉၃၄ ကျ ရန်ကုန်တက္ကသိုလ်ရောက်ပါတယ်။ အဲဒီတုန်းက ရန်ကုန်တက္ကသိုလ်က အသက် ၁၅ နှစ်ရောက်မှ ပညာသင်နိုင်တာဖြစ်ပေမဲ့ ဆရာကြီးကတော့ သူ့ရဲ့ထူးချွန်မှုကြောင့် အသက် ၁၄ နှစ်နဲ့ပဲ ပညာသင်ခွင့်ရခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်မှာ ဘောဂဗေဒပညာရှင် ဟာရိုဘာနာဒယ်လီရဲ