Posts

Showing posts from June, 2024

အကျပ်အတည်းကာလ ဘာစီးပွားရေးလုပ်ကြမလဲ - ညိုထွန်း

Image
 ကမ္ဘာကြီးကတော့ စီးပွားပျက်ကပ် ဆိုက်ရောက်တော့မလားဆိုပြီး ကြိုတင်ပူပန်နေရပါပြီ။  ရုရှား-ယူကရိန်း ကျူးကျော်စစ်ဒဏ်ကြောင့် ရုရှားပြည်သူတွေ ဒေဝါလီခံကြလွန်းလို့ ကြွေးရှင်တွေလည်း ကြွေးမရမှာကိုတွေးပြီး ပူတင်ကို ပြောရပါတော့တယ်။ ဒီလိုနဲ့ ရုရှားမှာဆို အခုနှစ် ဧပြီလကနေ အောက်တိုဘာလကုန်အထိတော့ ဒေဝါလီခံတာကို တားမြစ်မိန့်ထုတ်ထားရပါတယ်။  ဒီလိုပဲ ရုရှား-ယူကရိန်းစစ်ကြောင့် အီးယူကလည်း အတော်ပဲ အခက်တွေ့နေရတာပါ။ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်ဆို သူ့ပြည်သူတွေကို လျှပ်စစ်မီးကိစ္စတောင့်ခံကြဖို့ ကြိုမှာထားရပါတယ်။ တဖက်မှာလည်း အမေရိကန် ဗဟိုဘဏ်အတိုးနှုန်းလျှော့ချလိုက်တာကလည်း လူပြောစရာဖြစ်နေသလို အိမ်နီးချင်း သီရိလင်္ကာကတော့ ကြေးနွံနစ်၊ စီးပွားပျက်ပြီး သမ္မတတောင် ထွက်ပြေးသွားရတာပါ။  မြန်မာ့စီးပွားရေးကိုကြည့်တော့လည်း ပြီးခဲ့တဲ့ ၂၀၂၁ မှာ စီးပွားရေးက ၁၈ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ အခုနှစ်မှာ ၃ ရာခိုင်နှုန်းလောက် ပြန်တက်မယ်လို့ ကမ္ဘာ့ဘဏ်ကဆိုပါတယ်။  ကမ္ဘာ့ဘဏ်ရဲ့ကိန်းဂဏန်းတွေက မျက်စိရှုပ်ဖို့ကောင်းသလို သာမန်နိစ္စဓူဝလှုပ်ရှားရုန်းကန်နေရတဲ့ ပြည်သူတွေအတွက်လည်း နားလည်ဖို့ခက်ပါတယ်။ ဒါပေမယ့် ကမ္ဘာဘဏ်ပြောတာကို အနှစ်ချုပ်ရင် မြ

မိုးမိုး(အင်းလျား)သို့ ဝမ်းနည်းမှတ်တမ်းသဝဏ်လွှာ - ခေတ်အလင်း

Image
  ဆရာမ မိုးမိုးအင်းလျားကွယ်လွန်ချိန် မဟေသီမဂ္ဂဇင်းရဲ့ ဝမ်းနည်းမှတ်တမ်းဖြစ်ပါတယ်။ ဆရာမ မိုးမိုး(အင်းလျား)ဟာ အသက် ၄၆ နှစ်အရွယ် (၁၃.၃.၁၉၉၀) မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး စာပေနယ်အတွက် ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ကြောင်း ဆရာမရဲ့စာပေလက်ရာတွေက သက်သေခံလျက်ရှိပါတယ်။ 

အာဏာရှင်အကျိုးစီးပွားအတွက် အသုံးချခံဖြစ်နေရတဲ့ ဗုဒ္ဓဘာသာ - ညိုထွန်း

Image
    မေလ ၁၄ ရက်သည် ဗုဒ္ဓဘာသာဝင်တို့၏ ကဆုန်လပြည့်ဗုဒ္ဓနေ့ဖြစ်သည်။ ထိုနေ့တွင် စစ်ခေါင်းဆောင်တပ်တွေ ဝင်ရောက်မီးရှို့သောကြောင့် မြန်မာ့နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းထဲက ရွာတွေ ပြာကျခဲ့သည်။ ဒေသခံများသည် ဗုဒ္ဓနေ့၏ အနှစ်သာရကို မခံစားနိုင်ဘဲ အသက်ဘေးကြောင့် ပြေးနေလွှားနေခဲ့ရသည်။ တစ်ဖက်တွင်လည်း မီးရှို့ ပစ်ခတ်နေသည့် စစ်တပ်၏ အကြီးအမှူးဖြစ်သော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သူ့အစိုးရအဖွဲ့က ဒက္ခိဏသီရိမြို့နယ်မှာ ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျောက်စာ ရေးထိုးပူဇော်သည့် အခမ်းအနားကို တက်ရောက်လျက်ရှိသည်။ ထို့အပြင် ညနေပိုင်းတွင် နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်ကြီးတွင် ကဆုန်ညောင်ရေသွန်းခဲ့ကြသေးသည်။ စစ်ကောင်စီလက်အောက်ခံ မန္တလေးတိုင်းဝန်ကြီးချုပ်သည်လည်း ထိုနေ့တွင် သံဃာအပါး ၁၀၂၆၄ ပါးကို ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီး ခမ်းခမ်းနားနားကျင်းပခဲ့သည်။ ထိုအတွက် ကျပ်သိန်း ၈၅၀၀ (၈၅၀,၀၀၂,၅၆၀ ကျပ်) သုံးစွဲခဲ့သည်။ ပြီးခဲ့သည့် မေလအတွင်း စစ်ခေါင်းဆောင်နှင့် နောက်လိုက်များသည် ဘာသာရေးအခမ်း အနားပွဲများစွာကို တက်ရောက်ခဲ့ကြပြီး ထိုထိုသော ပွဲများအနက် အချို့ကို ကောက်နုတ်ပြရလျှင် သံဃာတော်များကို ဆုတံဆိပ်ဆက်ကပ်ပွဲ၊ ထီးတော်တင်ပွဲ၊

နေပြည်တော်ခရီးသွားများအတွက် ပြည်သူပေးသော သတင်းစကား - ညိုထွန်း

Image
  ယခုအခါ မြန်မာပြည်တွင် ငြိမ်းချမ်းရေးစကားကိုတွင်တွင်ကြားနေရသည်။ ပြန်၍စေ့ငုလျှင် မငြိမ်းချမ်းသောကြောင့်သာ ငြိမ်းချမ်းရေးစကားကြားရသည်ဟု ဆိုနိုင်သည်။ မငြိမ်းချမ်းလေ ငြိမ်းချမ်းရေးစကားပြောရလေပင်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ငြိမ်းချမ်းရေး စကားပြောသည်။ စားပွဲဝိုင်းတွင် တွေ့ဆုံရန် ကမ်းလှမ်းသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ခေါင်းဆောင်အပါအဝင် တစ်ဖွဲ့သုံးယောက် တက်နိုင်သည်။ သူကိုယ်တိုင်တော့ တစ်ဖွဲ့စီသီးခြားတွေ့မည်ဟုဆိုသည်။ ယခုလနောက်ဆုံးပတ်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်မြောက်မည်ဟု ခန့်မှန်းရသည်။ သို့သော်လည်း စစ်ခေါင်းဆောင်၏ နေပြည်တော်လမ်းကို မရွေးသူများလည်းရှိသည်။ ထိုသူတို့သည် သမိုင်းအသိအရ သတိရှိရှိဖြင့် ချဉ်းကပ်ကြသူများဟုလည်း ဆိုနိုင်သည်။ နှစ်ပေါင်း ၇၀ကျော် 'ချ' သမိုင်းတွင် ကိုယ်တိုင်ကိုယ်ကျ ကပြခဲ့သူများဖြစ်ရာ ခေတ်အဆက်ဆက် စစ်ခေါင်းဆောင်တို့၏ ဘယ်ကွေ့တွင် ဘယ်တက်နှင့် လှော်မည်ကို ကြိုတင်တွက်ဆနိုင်သူများလည်းဖြစ်သည်။  တနည်းဆိုရလျှင် အတိတ်သမိုင်းတွင်ခံရပါများ၍ အနာမကျက်သေးချိန်လည်းဖြစ်ရာ ယခုဆွေးနွေးပွဲအတွက် အယုံအကြည်နည်းသူများလည်းဖြစ်သည်။ နေပြည်တော်လမ်း

၂၀၂၃ စီးပွားရေးပိတ်ဆို့မှုကြား အကြပ်ရိုက်ခဲ့တဲ့ စစ်ကောင်စီ

Image
၂၀၂၃ ခုနှစ်လည်း ကုန်ပါတော့မယ်။ စစ်ကောင်စီ အာဏာသိမ်းထားတာကလည်း ၃ နှစ်ပြည့်ဖို့ လပိုင်းပဲ လိုပါတော့တယ်။ ဒါပေမယ့် ၂၀၂၃ ခုနှစ်ကတော့ စစ်ကောင်စီအတွက် ကသောင်းကနင်း စီးပွားရေးနှစ်တစ်ခုကို ဖြတ်ကျော်ခဲ့ရတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကြောင့်ပါ။ ဒီစီးပွားရေး ပိတ်ဆို့မှုတွေကြောင့် စစ်ကောင်စီဟာ ပြည်တွင်းမှာ အတော်ပဲ အကျပ်ရိုက်ခဲ့သလို သူတို့ရဲ့ စွမ်းဆောင်ရည်ကိုလည်း မေးခွန်းထုတ်စရာ အခြေအနေတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။   စစ်ကောင်စီအတွက် ၂၀၂၃ ခုနှစ်မှာ ကြီးကြီးကျယ်ကျယ်ထိခိုက်ခံစားခဲ့ရတဲ့ကိစ္စကတော့ နိုင်ငံပိုင်ဘဏ် ၂ ခု ဖြစ်တဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် MICB တို့ကို အမေရိကန်အစိုးရက ဇွန်လ ၂၁ ရက်မှာ ပိတ်ဆို့အရေးယူခဲ့တဲ့ကိစ္စ ဖြစ်ပါတယ်။ စတင်အသက်ဝင် တာကတော့ ဩဂုတ်လ ၅ ရက်နေ့ဖြစ်ပါတယ်။ ဒီကိစ္စဟာ အရင်ကတည်းက နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး ၊ သံတမန်ရေး အစရှိတဲ့ ဘက်ပေါင်းစုံက ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီအတွက် မြွေပူရာ ကင်းမှောင့်ဖြစ်ခဲ့ရပါတယ်။ အထူးသဖြင့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB နဲ့ မြန်မာ့ရင

သမိုင်းဘီးနောက် ခြေရာကောက်ခြင်း - ညိုထွန်း

Image
  သမိုင်းသည် အပြန်အပြန်အထပ်ထပ်လည်နေသည့် သဘောရှိရာ ယနေ့အဖြစ်အပျက်များသည် အတိတ်တစ်ချိန်က ဖြစ်ပျက်ခဲ့သည်များပင်ဖြစ်သည်။ သို့မဟုတ် အတိတ်တွင်ဖြစ်ပျက်ခဲ့သည်များနှင့် မနီးရိုးစွဲ ဆင်တူသည်ဟု ကောက်ချက်ချနိုင်ပေသည်။ အထူးသဖြင့် နိုင်ငံရေးတွင် အဟောင်းအဟောင်းတို့သည် တကျော့ပြန်လည်တတ်ပေရာ ၂၀၂၁ ခုနှစ်တွင် စစ်ခေါင်းဆောင်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် အာဏာသိမ်းမှုသည်လည်း ထိုနည်းတူပင်ဖြစ်သည်။ အာဏာသိမ်းမှုသည် သမိုင်းထဲက မည်သည့်အခြေအနေနှင့် ဆင်တူသနည်း။ အာဏာသိမ်းပြီး အခြေအနေများသည် မည်သည့်အခြေအနေကို တုပသနည်း စသည်တို့ကို ဆင်ခြင်ကြည့်ကြပါမည်။ ထိုသို့ ဆင်ခြင်လျှင် မည်သည်တို့ကိုတော့ ပုံတူကူးသည်၊ မည်သည်တို့ကိုတော့ ဆင့်ပွားကူးသည်ကို ဤသို့တွေ့ရပါလိမ့်မည်။  အာဏာသိမ်းခြင်းမဟုတ်ဟူသော ယူဆချက် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ စစ်တပ်ဘက်က တဖွဖွပြောဆိုခဲ့သည်မှာ အာဏာသိမ်းခြင်း မဟုတ်ဟူသော အယူအဆဖြစ်သည်။ ထိုအယူအဆမှာ ၁၉၅၈ ခုနှစ် ဖဆပလ အကွဲအပြဲတွင် ဝန်ကြီးချုပ်ဦးနု၏ ဖဆပလအစိုးရလက်ထဲမှ အာဏာသုံးရပ်ကို ဗိုလ်ချုပ်ကြီးနေဝင်း ရယူခဲ့သည့်ဖြစ်ရပ်အပေါ်တွင် မြစ်ဖျားခံသည်ဟု

စစ်မှုထမ်း ဋီကာ - ညိုထွန်း

Image
  သမိုင်းဝင် ရဲဘော်သုံးကျိပ်ဘဝကနေ ခေတ်အဆက်ဆက်ဂုဏ်တင့်ခဲ့တဲ့ မြန်မာ့တပ်မတော်ဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက်မှာတော့ အဆိုးရွားဆုံး နာမည်ပျက်မှုတွေနဲ့ ကြုံတွေ့နေခဲ့ရပါပြီ။  အထူးသဖြင့် လွတ်လပ်ရေးရပြီးနောက်ပိုင်း သမိုင်းမှာ နာမည်ကြီးခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ဗုံးဗုံးလဲသွားအောင်၊ ကျူးကျော်တဲ့ တရုတ်ဖြူ ကူမင်တန်တွေ ထွက်ပြေးအောင်၊ ၁၉၅၀ ဝန်းကျင်မှာ ရန်ကုန်အစိုးရဘဝကနေ လွတ်မြောက်အောင် တိုက်ရည်ခိုက်ရည်ကောင်းလှတဲ့ မြန်မာ့တပ်မတော်အဆင့်အတန်းမျိုး မဟုတ်တော့ဘူးဆိုတာ နိုင်ငံတကာအကဲခတ်တွေကြားမှာ ပိုပြီးထင်ရှားလာခဲ့ပါတယ်။  အဲဒီလို ၂၀၂၁ တော်လှန်စစ်မှာ အလဲလဲအပြိုပြိုနဲ့ အခြေမလှခဲ့တဲ့နောက် စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထုတ်သုံးစွဲလာတဲ့မူဝါဒက အရပ်သားပြည်သူတွေကို စစ်မှုထမ်းခိုင်းလိုက်တာပဲ ဖြစ်ပါတယ်။  ဒီတော့ စစ်မှုထမ်းဥပဒေ ဒါမှမဟုတ် စစ်မှုထမ်းဋီကာအကြောင်း နည်းနည်းလောက်ပြောကြည့်ရအောင်ပါ။  လွတ်လပ်ရေးကြိုးပမ်းမှုကာလမှာ ထင်ရှားပြီး လွတ်လပ်ရေးတပ်ဦးအဖွဲ့ချုပ်ကြီးလို့ခေါ်ဆိုကြတဲ့ ဖဆပလအဖွဲ့ချုပ်ကြီးဟာ ၁၉၅၈ မှာ နု-တင် (သန့်ရှင်းဖဆပလ) နဲ့ ဆွေငြိမ်း (တည်မြဲဖဆပလ) ဆိုပြီး နှစ်ခြမ်းကွဲသ