Posts

Showing posts from April, 2023

အာဏာရှင်မည်သည် - ညိုထွန်း

Image
  အာဏာရှင်ဗိုလ်ချုပ်မှူးကြီးက လျှပ်စစ်ဝန်ကြီးကို ရာထူးကဖြုတ်၍ ဝန်ကြီးအသစ်ကိုခန့်အပ်ကြောင်း သတင်း ကြေညာအပြီး မီးပြတ်သွားလေသည်။ လျှပ်စစ်မီးမမှန်သောပြသာနာသည် ပထမတော့ ပြည်သူကိုဒုက္ခ ပေးသည်။ နောက်တော့ လျှပ်စစ်ဝန်ကြီးကို ဒုက္ခပေးတော့သည်။ ပြဿနာ၏ ဦးတည်ချက် ရွေ့သွားခြင်းမဟုတ်သော်လည်း ကာလအတန်ကြာသောအခါ သူများပြဿနာ ကိုယ့်ပြဿနာဖြစ်လာခြင်းဖြစ်သည်။ အာဏာသိမ်းစစ်ကောင်စီလက်ထက် ပြည်သူတွေအနာ ဂတ်မှာ မှောင်မိုက်နေသည်။ အနာဂတ် မှောင်မိုက်သည့် နည်းတူ အိမ်တွင်၌လည်း မီးမရှိ မှောင်အတိဖြစ်နေ သည်။ လက်ရှိပြည်သူများခံစားနေရသည့် နိစ္စဓူဝပြဿ နာတွင် မီးပြတ်သည့်ပြဿနာလည်း တစ်ခုအပါအဝင်ဖြစ်သည်။ အဆိုးဆုံးကြုံရသည့်ပြဿနာများအနက်တစ်ခုဟုလည်း ဆိုနိုင်သည်။ လျှပ်စစ်မီးကို ပြီးခဲ့သည့် ရွေးကောက်ခံအစိုးရနှစ်ဆက်တွင် အတော်အတန် မောင်းတင်လုပ်နိုင်ခဲ့သည်။ ရလဒ် ကောင်းများလည်း ထိုက်သင့်သလောက်ရခဲ့ပြီး ပြည်သူ များကလည်း ကျေနပ်တန်သလောက် ကျေနပ်ခဲ့သည်။ ယခုမူ ထိုသို့မဟုတ်။ ခေတ်ကားပြောင်းပြီ။ တစ်နေ့လျှင် ခြောက်နာရီသို့မဟုတ် ရှစ်နာရီပင်မရ။ အချို့နေ့များတွင် ထိုထက်နည်းသည်။ အချိန်ဇယားစသည်ဖြင့် ထုတ်ပြန်ထားသော်လည်း လျှပ်စစ်မီးကို အချိန်ဇယားအတိုင်း ဘယ် တေ