Posts

Showing posts from June, 2022

မြန်မာ့နိုင်ငံရေးအသွင်ကူးပြောင်းမှု ဗဟိုချက် - ညိုထွန်း

Image
''မြန်မာစစ်တပ်မှာ အခြားသောအာရှတိုက်ရှိ အာဏာရှင်နိုင်ငံများမှ စစ်တပ်များကဲ့သို့မဟုတ်ဘဲ နောက်ကွယ်တွင် ကျန်ရှိနေနိုင်ပြီး မိမိ၏အကြွင်းမဲ့အာဏာကို စွန့်လွှတ်ရာတွင်လည်း တုံ့ဆိုင်းနေနိုင်ပါသည်။ ထို့ကြောင့်အသွင်ကူး ပြောင်းမှု ဒီရေကျအန္တရာယ်ရှိနိုင်သည်''                                                                                                       ဒန်စလိတ်တာ၊                                                                                                      ချီကာဂိုတက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာန တွဲဖက်ပါမောက္ခ ၂၀၁၇ ခုနှစ် ဇူလိုင်လထုတ် မြန်မာကွာတားလီးဂျာနယ်ပါ ချီကာဂိုတက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနမှ တွဲဖက်ပါမောက္ခ ဒန်စလိတ်တာ၏ ကြိုတင်မှန်းဆချက်တစ်ခုသည် ယခုအခါ အမှန်ပင် ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံကဲ့သို့ ဆင်းရဲချမ်းသာကွာဟမှုကြီးမားသော၊ စက်မှုနိုင်ငံမဟုတ်သေးဘဲ လယ်ယာစိုက်ပျိုးရေး အ ခြေခံ စီးပွားရေးတွင်သာ တဝဲလည်လည်ဖြစ်နေသော၊ ဒီမိုကရေစီ ရေခံမြေခံတစ်ခုဖြစ်သည့် လူလတ်တန်းစားအလွှာ အားနည်းသော၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အားမကောင်းသော၊ လူမှုရေး တန်းတူညီမျှမှုအားနည်းသော နိုင်ငံများ တ

'ဝ'တွေ ပို့ချတဲ့ နိုင်ငံရေးသင်ခန်းစာ - ညိုထွန်း

Image
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နေပြည်တော်တွင် တွေ့ဆုံပြီးနောက် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီက ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားချက်များမှာ စိတ်ဝင်စားဖို့လည်းကောင်းပြီး ‘ဝ’တို့၏ ရည်မှန်းချက်များနှင့် လက်တွေ့နိုင်ငံရေးဗျူဟာကိုလည်း တစွန်းတစလှစ်ဟထားသည်ကို တွေ့နိုင်မည်ဖြစ်သည်။ ကနဦးအနေနှင့် ဤစာစုတွင် ‘ဝ’သမိုင်း ၊‘ဝ’ ပြည်နယ်နှင့်မျှော်မှန်းချက်၊ ထုတ်ပြန်ချက်ကပြောသောနိုင်ငံရေး နှင့် ‘ဝ’တို့၏ လက်တွေ့နိုင်ငံရေး ဟူ၍  အပိုင်းလေးပိုင်းခွဲကာ တင်ပြမည်ဖြစ်သည်။  ‘ဝ’သမိုင်း ‘ဝ’သမိုင်းဟုဆိုရာတွင် ‘ဝ’လူမျိုးတို့၏ သမိုင်းကြောင်းကို မဆိုလို။ UWSP/UWSA ၏ သမိုင်းကြောင်းကို ပြောလိုခြင်းဖြစ်သည်။  UWSP သည် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ၊ UWSA သည် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ဖြစ်သည်။ ဤအကြောင်းကိုပြောလျှင် ဗမာပြည်ကွန်မြူနစ်ပါတီ(CPB)အကြောင်းကို ပြောရပေမည်။ လွတ်လပ်ရေးရပြီး လပိုင်းမျှအကြာတွင် သခင်သန်းထွန်းဦးဆောင်ကာ ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုသည်။ ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဥက္ကဋ္ဌသခင်ဗသိန်းတင်လက်ထက် ၁၉၈၉ ခုနှစ်တွင် တပ်တွင်းပုန်ကန်မှုဖြစ်သည်။  ဘိန်းအရောင်းအဝယ်